မကြာခင်မင်္ဂလာပွဲကျင်းပတော့မယ့် မင်းသမီးချောလေး Jeon Hye Bin

နာမည်ကျော်တောင်ကိုရီးယားမင်းသမီးတစ်လက်ဖြစ်တဲ့ Jeon Hye Bin ဟာ ဒီလထဲမှာ လက်ထပ်ပွဲလေးကျင်းပတော့မယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့မနက်ပိုင်းက သူမရဲ့အေဂျင်စီ Pan Stars Company က “မင်္ဂလာပါ Jeon Hye Bin ရဲ့အေဂျင်စီကပါ။Jeon Hye Bin ကို ဂရုစိုက်ပေးကြတဲ့သူတွေအားလုံးကို ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့မှာ သတင်းကောင်းလေးတစ်ခုလည်းကြေညာစရာရှိပါတယ်။

မင်းသမီး Jeon Hye Bin ဟာ ဒီဇင်ဘာ ၇ရက်နေ့မှာ သူမချစ်တဲ့သူနဲ့လက်ထပ်တော့မှာပါ။သူတို့နှစ်ယောက်က အသိအကျွမ်းတွေကနေ တစ်ဆင့်သိခဲ့ကြတာပါ။တစ်နှစ်လောက်ချစ်သူတွေအဖြစ်လက်တွဲပြီးတဲ့နောက် အခုလိုလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့စုံတွဲရဲ့ဆန္ဒအရ မင်္ဂလာပွဲက အကျဉ်းချုံးပဲပြုလုပ်သွားမှာပါ။သတို့သားက အနုပညာလောကထဲကမဟုတ်တဲ့အတွက် အသေးစိတ်ကိုတော့ ကျွန်တော်တို့မပြောတော့ပါဘူး။Jeon Hye Bin ကို ချစ်ပြီးအားပေးကြတဲ့ ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ဘ၀စတင်ထူထောင်တော့မှာဖြစ်လို့ ဂုဏ်ပြုပေးကြဖို့တောင်းဆိုပါတယ်”လို့အတည်ပြုကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့က ဖော်ပြချက်တစ်ခုအရ Jeon Hye Bin ဟာ သူမရဲ့ မင်္ဂလာပွဲကို ဒီဇင်ဘာ ၇ ရက်နေ့ ဘာလီကျွန်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။သူမဟာ ၂၀၀၂ ခုနှစ်တည်းက အဆိုတော်အဖြစ်စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ “Another Oh Hae Young” ၊ “Distorted” နဲ့ “Life on Mars”စတဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့ပြီး အခုလက်ရှိမှာလည်း “Leverage”ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်နေဆဲဖြစ်ပါတယ်။

347 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.