မင်းသား Cha In Ha သေဆုံးမှုကြောင့် ပရိသတ်တွေဝမ်းနည်းကြေကွဲနေ…

Enews24 မီဒီယာရဲ့ဖော်ပြချက်အရ အသက် ၂၇ နှစ်အရွယ် Surprise U အဖွဲ့ဝင် မင်းသား Cha In Ha သေဆုံးသွားခဲ့ပြီလို့သိရပါတယ်။

Cha In Ha ရဲ့သေဆုံးမှုကြောင့် ရဲတွေကလည်းစုံစမ်းစစ်ဆေးနေသလို သူ့ရဲ့အေဂျင်စီကလည်း မမျှော်လင့်ပဲကြားလိုက်ရတဲ့ ၀မ်းနည်းစရာသတင်းကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး  စုံစမ်းစစ်ဆေးရှာဖွေနေတယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။သေဆုံးသွားခဲ့တဲ့နေရာ၊အချိန်၊အကြောင်းရင်းစတဲ့အသေးစိတ်တွေကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

မင်းသား Cha In Ha ဟာ ၂၀၁၇ တုန်းက You,Deep Inside of Me ဇာတ်ကားနဲ့ စတင်ပွဲဦးထွက်ခဲ့တာဖြစ်သလို ကေပေါ့ပ်အဆိုတော်အဖွဲ့ Surprise U အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ပွဲဦးထွက်ပြီးနောက်ပိုင်း Temperature of Love ၊ Wok of Love ၊ Clean with Passion for Now ၊ The Banker စတဲ့ဇာတ်လမ်းတွဲတွေမှာ ဇာတ်ပို့နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

မကြာသေးခင်ကမှ စတင်ပြသခဲ့တဲ့ Love with Flaws ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။”Love with Flaws”ရိုက်ကူးရေးအဖွဲ့သားတွေဟာ ၀မ်းနည်းနေကြပြီး “ဒီအခြေအနေကိုလက်ခံဖို့ မနည်းကြိုးစားနေရတယ်”ဆိုပြီးပြောခဲ့ပါတယ်။

R.I.P Cha In Ha 🙁

Source:Koreaboo/Allkpop

432 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.