စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွဲသစ်လေးမှာ မင်းသား Jang Dong Yoon ကိုမြင်တွေ့ရဦးမှာလား?

“The Tale of Nokdu”ဇာတ်လမ်းတွဲနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကိုစိုးမိုးခဲ့တဲ့မင်းသားချောလေး Jang Dong Yoon ကို မကြာခင်ဇာတ်လမ်းတွဲသစ်တစ်ခုမှာ တွေ့မြင်လာရဖွယ်ရှိပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့က မင်းသား Jang Dong Yoon ကို OCN ကရိုက်ကူးမယ့် “Search”ဇာတ်လမ်းတွဲမှာပါဝင်ဖို့ ကမ်းလှမ်းထားကြောင်း သတင်းတွေထွက်ရှိခဲ့ပြီး OCN က တာဝန်ရှိသူတစ်ဦးကလည်း “Search ဇာတ်လမ်းတွဲကို ၂၀၂၀ ထဲမှာထုတ်လွှင့်ပြသသွားမှာပါ။Jang Dong Yoon ကိုလည်း ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ဖို့ကမ်းလှမ်းထားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မင်းသား Jang Dong Yoon ရဲ့အေဂျင်စီကလည်း “Jang Dong Yoon က “Search”ဇာတ်လမ်းတွဲကမ်းလှမ်းချက်အပေါ် လက်ခံဖြစ်ဖို့များပါတယ်”လို့ ကြေညာခဲ့ပါတယ်။”Search”ဇာတ်လမ်းပုံစံဟာ စစ်တပ်ပိုင်းနဲ့ပတ်သက်ပြီး လျှို့ဝှက်စစ်ဆင်ရေးဆောင်ရွက်ရတဲ့စိတ်ဝင်စားဖွယ်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။Jang Dong Yoon ကို ခေါင်းဆောင်မင်းသား Yoon Dong Jin အဖြစ်ကမ်းလှမ်းထားတာပဲဖြစ်ပါတယ်။အပြင်လက်တွေ့ဘ၀မှာဆိုရင်လည်း မင်းသား Jang Dong Yoon ဟာ စစ်မှုထမ်းဆောင်ပြီးသားဖြစ်လို့ သူ့ရဲ့စစ်မှုထမ်းအတွေ့အကြုံတွေကို ဒီဇာတ်လမ်းတွဲသစ်မှာ ဘယ်လိုချပြသွားမလဲ ပရိသတ်တွေကစိတ်ဝင်စားနေကြပါတယ်။

Jang Dong Yoon ဟာ ၂၀၁၆ ခုနှစ်တုန်းက “Game Development Girls”ဇာတ်လမ်းတွဲနဲ့ စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ “Solomon’s Perjury” ၊ “School 2017” ၊ “A Poem A Day” ၊ “Mr.Sunshine” ၊ “Just Dance” ၊”Beautiful Days”စတဲ့ဇာတ်လမ်းတွဲတွေရိုက်ကူးခဲ့ပါတယ်။သိပ်မကြာသေးခင်ကမှ ပြသပြီးစီးခဲ့တဲ့ “The Tale of Nokdu”ဇာတ်လမ်းတွဲမှာတော့ သူဟာ ပရိသတ်တွေဆီက ပိုပြီးချစ်ခင်အားပေးမှုရရှိခဲ့တာပဲဖြစ်ပါတယ်။

“Search”ဇာတ်လမ်းတွဲမှာ သူပါဝင်မလားဆိုတာကိုတော့ အတူတူစောင့်ကြည့်လိုက်ရအောင်

254 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.