အချစ်ဟာသဇာတ်လမ်းတွဲသစ်လေးမှာ ထပ်ပြီးမြင်တွေ့ရဖွယ်ရှိတဲ့ မင်းသမီး Jang Nara

နာမည်ကျော်ကိုရီးယားအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Jang Nara ဟာ အချစ်ဟာသ ဇာတ်လမ်းတွဲသစ်လေးမှာ ခေါင်းဆောင်မင်းသမီး အဖြစ်ပါဝင် လာဖွယ်ရှိတယ်လို့သိရပါတယ်။

IIgan Sports မီဒီယာက မင်းသမီး Jang Nara ဟာ “tvN က ရိုက်ကူးမယ့် Oh My Baby”ဇာတ်လမ်းတွဲအတွက် ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ဖို့ အတည်ပြုလက်ခံ ထားတယ်”လို့ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ သူမရဲ့ အေဂျင်စီ Rawon Culture ကတော့ “သူမဆီကို ကမ်းလှမ်းချက်ရောက်လာပါတယ်။ဒါပေမဲ့ အတည်ပြုလက်ခံထားခြင်းတော့မရှိသေးပါဘူး”ဆိုပြီး ပြောကြားခဲ့ပါတယ်။ “Oh My Baby”ဇာတ်လမ်းတွဲဟာ အိမ်ထောင်မပြုပဲ ရင်သွေးလိုချင်တဲ့အသက် ၃၉နှစ်အရွယ်အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကိုဟာသလေးနဲ့ရောစပ်ပြီးရိုက်ကူးသွားမယ့်ပုံစံလေးဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Nam Ki Hoon ရိုက်ကူးသွားမှာဖြစ်ပြီး နောက်နှစ်မေလ ဒါမှမဟုတ် ဇွန်လထဲမှာထုတ်လွှင့်ပြသနိုင်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။အခုလက်ရှိမှာဆိုရင်တော့ မင်းသမီး Jang Nara ဟာ “VIP”ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။

369 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.