ပရိသတ်တွေချစ်ကြတဲ့ မင်းသမီး Park Bo Young ရဲ့ စိတ်ဝင်စားစရာအကြောင်းအရာတစ်ချို့

ဒီတစ်ခေါက်မှာတော့ “Strong Woman Do Bong Soon” ဇာတ်လမ်းတွဲထဲက ချစ်စရာမင်းသမီးချောလေး Park Bo Young အကြောင်းကို မျှဝေပေးလိုက်ပါတယ်။ပရိသတ်တွေချစ်ကြတဲ့သူမလေးမှာ ဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာတွေရှိနေမလဲ ကြည့်လိုက်ပါဦး

*Park Bo Young ဟာ ကလေးသရုပ်ဆောင်အဖြစ်စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။၂၀၀၆ ခုနှစ်ကရိုက်ကူးခဲ့တဲ့ Secret Campus ဇာတ်လမ်းတွဲမှာစတင်ပါဝင်ခဲ့ပြီး ထိုဇာတ်လမ်းတွဲမှာမင်းသား Lee Min Ho နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တာဖ်ြစပါတယ်။အခုဆိုရင်တော့ နှစ်ယောက်လုံးက အောင်မြင်ကျော်ကြားတဲ့လူငယ်အနုပညာရှင်တွေဖြစ်နေပါပြီ။

*Oh My Ghost ဇာတ်လမ်းတွဲဟာ ၆ နှစ်ကြာပြီးမှ သူမပြန်လည်ရိုက်ကူးတဲ့ပထမဆုံးဇာတ်လမ်းတွဲဖြစ်ပါတယ်။ထိုဇာတ်လမ်းတွဲဟာဆိုရင်ကေဒရာမာချစ်သူတွေကြားမှာ အရမ်းနာမည်ကြီးတဲ့ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။အခုထိလည်း ပရိသတ်တွေက ထိုဇာတ်လမ်းတွဲလေးကို ကြည့်နေကြဆဲပါ။

*သူမဟာ စန္ဒရားနဲ့ဂစ်တာတီးကျွမ်းကျင်သလို သီချင်းဆိုလည်းတော်ပါတယ်။Park Bo Young ဟာ “A werewolf boy”ရုပ်ရှင်အတွက် ဇာတ်ဝင်တေးသီချင်းကိုသီဆိုခဲ့ဖူးပါတယ်။

*Park Bo Young ဟာ တစ်ချိန်တုန်းက tvN ရဲ့ ဝင်ငွေအမြင့်ဆုံးမင်းသမီးတစ်လက်ဖြစ်ခဲ့ဖူးပါတယ်။သူမကို “Oh My Ghost”ဇာတ်လမ်းတွဲအပိုင်းတစ်ပိုင်းချင်းစီအတွက် ဒေါ်လာ ၃၀၀၀၀ နဲ့ရိုက်ကူးဖို့ tvN က ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။

*သူမရဲ့ ပထမဆုံးအနမ်းဇာတ်ဝင်ခန်းက မင်းသား Jo Jung Suk နဲ့ဖြစ်ပါတယ်။၂၀၁၅ “Oh My Ghost” မတိုင်ခင်က သူမဟာအနမ်းဇာတ်ဝင်ခန်းတစ်ခန်းမှ မရိုက်ကူးခဲ့ဖူးပါဘူး။

*Park Bo Young ဟာ ၂၀၁၂ တုန်းက “Don’t Click”ဆိုတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ဖူးပေမဲ့ သူမဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေ၊ကြောက်လန့်စရာဇာတ်ကားတွေကို မကြိုက်ပါဘူးတဲ့။ဒါပေမဲ့ သူမဟာသူမရဲ့ဇာတ်ရုပ်အတွက်အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။

*၂၀၁၅ တုန်းကထွက်ရှိခဲ့တဲ့ “On My Ghost”ဇာတ်လမ်းတွဲက အောင်မြင်ခဲ့သလို ၂၀၁၇ ထဲမှာ ထွက်ရှိခဲ့တဲ့ “Strong Girl Gong Soon” ၊၂၀၁၈ တုန်းက”On Your Wedding Day” ၊ ၂၀၁၉ ထဲမှာထွက်ရှိထားတဲ့ “Abyss”ဇာတ်လမ်းတွဲတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားခဲ့ပါတယ်။

မကြာသေးခင်ကတော့ မင်းသမီး Park Bo Young ဟာ သူမရဲ့လက်ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေခဏရပ်နားဦးမယ်လို့ပရိသတ်တွေကိုကြေညာခဲ့ပါတယ်။သူမ လက်ပြန်ကောင်းသွားရင်တော့ ပရိသတ်ကြီးအတွက် အသစ်အသစ်သောအနုပညာဖန်တီးမှုတွေကို မြင်တွေ့ရဦးမှာပါ။

ဒီလောက်ဆိုရင် Bo Young ကိုချစ်တဲ့ပရိသတ်ကြီးလည်း ကျေနပ်မယ်ထင်ပါတယ်နော်

326 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.