ဘဝမှာ ရိုးရိုးရှင်းရှင်းလေး နေတတ်ဖို့ …

ဘဝမှာ အရိုးရှင်းဆုံးနေတယ်ဆိုတာကို လူတွေဘယ်လိုသတ်မှတ်ထားကြလဲ။ ရှိတာလေးနဲ့
ရောင့်ရဲ့တင်းတိမ်ပြီး ဘာကိုမှ မမက်မောခြင်းကိုပြောတာလား။ တချို့ ကတော့ အိပ်မက်တွေရှိ
တယ်။ အကောင်ထည်ဖော်နိုင်ဖို့ ပြေးနေကြတယ်။ လူဆိုတာ အိပ်မက်ကိုယ်စီတော့ရှိကြမှာပါပဲ။

Image result for simple life

ကျွန်တော်ပြောတဲ့ အရိုးရှင်းဆုံးနေထိုင်နည်းဆိုတာ တွေးပူမနေတတ်တာ။ ကိစ္စတစ်ခုရဲ့
နောက်ဆက်တွဲအကျိုးဆက်ကို ကြိုစဉ်းစား ၊ ကြိုတွေးနေတာမျိုးမဟုတ်တာမျိုးပေါ့။
သံသယစိတ်မများဖို့ လိုပါတယ်။ လူတိုင်းဟာ ယုံကြည်ချင်စရာမကောင်းပေမယ့်
သံသယစိတ်အမြဲရှိနေရင် သင်ပဲစိတ်ပင်ပန်းမှာပါ။

လူတစ်ယောက်က သင့်ကိုစားချင်စေလို့ ပန်းသီးလာပေးရင် စားလိုက်ပါ။ ဘာမှရှည်ရှည်ဝေးဝေး
မတွေးပါနဲ့။ ဘာတွေအကောက်ကြံဖို့ ငါ့ကိုလာဖားနေတာလည်းလို့ စဉ်းစားမှာလား။
တကယ်လို့ သူဟာ သင့်ကိုစေတနာသန့်သန့်နဲ့ပေးတာဆိုရင်တော့ သင်တစ်ယောက်တည်း
သူပေးတဲ့ ပန်းသီးစားပြီး အကုသိုလ်များနေမိတော့မှာပဲ။

Related image

မျက်နှာချင်းရင်းနှီးနေတဲ့လူနဲ့ လမ်းမှာဆုံတယ်။ အမှတ်မထင်ဆိုတော့ ကိုယ်လည်း ရုတ်တရက်
ပြုံးပြမိတယ်။ ဒါပေမယ့် သူကတော့ ကိုယ့်ကိုကြောင်ကြည့်ပြီး တစ်ချက်တောင်မပြုံးပြသွားဘူး။
သြော်… အလိုက်မသိတဲ့ လူပါလားနော်.. အဲ့လိုတွေးမိကြမှာ အမှန်ပါပဲ။ အဲ့ဒီလူကို
စိတ်ထဲကနေ ကြိမ်းမောင်းနေမိတယ်။ အဲ့တော့ ပူလောင်နေတာ သင်ပါပဲ။ ဖြည့်တွေးလိုက်ပါ။
သူလည်း ရုတ်တရက်မို့ ကြောင်သွားတာဖြစ်နိုင်ပါတယ်။

ဘာကိစ္စပဲဖြစ်ဖြစ် နောက်ဆက်တွဲတွေကို လိုက်ပြီး တွေးတော ခံစားနေတာဟာ သင့်ကိုပဲ
ပူလောင်စေပါတယ်။ ကျွန်တော်ပြောတဲ့ ရိုးရှင်းစွာနေထိုင်နည်းဆိုတာ ဒါပါပဲ။
ဘာကိုမှ မတွေးနဲ့။ မစဉ်းစားနဲ့။ ( ကိုယ့်အတွက် ပူလောင်စေမယ့်အရာကိုသာ ပြောခြင်း)
ဒါဆို ဘဝမှာနေရတာ တော်တော်စိတ်ချမ်းသာရမယ်ထင်တယ်။

100 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.