ဝိတ်ချချင်ပေမဲ့ ဘယ်လိုနည်းလမ်းနဲ့မှ မကျပဲဖြစ်နေပါသလား?ဒီနည်းလေးတွေကို တစ်ခေါက်စမ်းကြည့်လိုက်ပါဦး
*ခါးမှာဖဲပြားကြိုးချည်ထားပါ
နေ့လည်စာ ဒါမှမဟုတ် ညစာစားခါနီးမှာ ဖဲပြားချည်ထားပါ။စားရင်းနဲ့ဖဲပြားချည်ထားတဲ့ကြိုးတင်းကျပ်လာပြီဆိုရင်တော့ သင်ဆက်မစားသင့်တော့ပါဘူး။ဒီနည်းလေးကရိုးရှင်းပေမဲ့ သင်အစားအများကြီးစားမိမယ့်အဖြစ်ကနေ ကင်းဝေးနိုင်ပါတယ်။
*အချိန်မှန်စားပါ
သူ့အချိန်နဲ့သူထမင်းစားရင် အဆာလွန်တာတွေမဖြစ်ပဲ အေးအေးဆေးဆေးအချိန်ယူပြီးအစာကြေညက်အောင်စားနိုင်ပါတယ်။အဆာလွန်နေပြီဆိုရင်တော့ပိုလည်းစားမိသလို အစာလည်း ကောင်းကောင်းကြေညက်အောင်မ၀ါးနိုင်လို့ အစာမကြေတာတွေဖြစ်နိုင်ပါတယ်။အစားစားတဲ့အခါ အနည်းဆုံး မိနစ် ၂၀ လောက်အချိန်ပေးပြီး ကြေညက်အောင်ဝါးစားသင့်ပါတယ်။
*ရေနွေးနဲ့ရောစပ်ချိုးပါ
ရေနွေးနဲ့ရောစပ်ချိုးတာဟာ ခန္ဓာကိုယ်အညောင်းညာပြေစေသလို ကိုယ်အလေးချိန်ကျဆင်းစေတယ်လို့သိရပါတယ်။Loughborough တက္ကသိုလ်က ပညာရှင်တွေရဲ့လေ့လာချက်အရ တစ်နာရီရေနွေးစိမ်ချိုးတာဟာကယ်လိုရီ ၁၃၀ နီးပါးလောင်ကျွမ်းစေကြောင်းတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဒါက မိနစ် ၃၀ လမ်းလျှောက်တာနဲ့ညီမျှပါတယ်။ဒါ့အပြင် ရေချိုးပြီးတဲ့အခါ သွေးတွင်းသကြားဓာတ်ဟာလည်း ၁၀ ရာခိုင်နှုန်းလျော့နည်းသွားတယ်လို့သိရပါတယ်။
*အဆာပြေစားစရာကို အသီးအနှံတွေနဲ့အစားထိုးပါ
သရေစာတွေ၊အချိုစာတွေ စားနေကျဆိုရင် အသီးအနှံတွေထားပြီး အစားထိုးစားသောက်ကြည့်ပါ။သရေစာတွေကိုဖြည်းဖြည်းချင်းဖြတ်ပြီး အသီးအနှံတွေ၊ဟင်းသီးဟင်းရွက်သုပ်တွေကိုအစားထိုးစားမယ်ဆိုရင် ခန္ဓာကိုယ်ကပေါ့ပါးလာပြီးဝိတ်ကျလာပါလိမ့်မယ်။
*ထမင်းစားပွဲထောင့်စွန်းမှာထိုင်ပါ
ဒါကတော့ရှင်းရှင်းလေးပါပဲ။ထမင်းဟင်းတွေနဲ့နီးတဲ့နေရာမှာထိုင်ရင် မြင်နေရတော့ ထပ်ထပ်ပြီးစားချင်လာပါတယ်။နီးလည်းနီးတော့ အလွယ်ပဲယူစားလိုက်မိတတ်ပါတယ်။ဒါကြောင့် ကိုယ်စားမယ့်ထမင်းဟင်းကိုထည့်ပြီး ထမင်းစားပွဲထောင့်မှာ စားတာက ထမင်းဟင်းတွေအများကြီးမစားဖြစ်စေအောင်ကူညီပေးနိုင်ပါတယ်။
*စိတ်ကူးယဉ်ပါ
ထူးထူးခြားခြားပါပဲ။ကိုယ်စားချင်တဲ့အရာတွေကို စိတ်ကူးထဲမှာစားလိုက်တာက အပြင်လက်တွေ့ဘ၀မှာ အစားနည်းနည်းပဲစားဖြစ်စေပါတယ်တဲ့။စိတ်ကူးထဲမှာ ကြိုက်သလောက်စား၊အပြင်မှာတော့ ကျန်းမာရေးနဲ့ညီညွတ်တာလေးတွေစားမယ်ဆိုရင် ၀ိတ်က မကျပဲမနေပါဘူးနော်။ကိုယ့်စိတ်ကိုသေချာထိန်းနိုင်ဖို့တော့လိုပါတယ်။
သေးသေးမွှားမွှားလေးတွေက အစဖြည်းဖြည်းချင်းပြောင်းလဲမှ နောက်ဆိုအကျင့်ဖြစ်သွားမှာပါ။ဝိတ်ချမယ်ဆိုပြီး အားစိုက်ထုတ်ရတာ၊စိတ်ဖိစီးမှုတွေမများရတဲ့အတွက်လည်း ဒီအလေ့အကျင့်လေးတွေက သင့်အတွက်အဆင်ပြေစေမှာပါ။ဒီတော့ ဒီအကျင့်လေးတွေကိုမွေးမြူရင်း ကျန်းမာရေးနဲ့အညီဝိတ်လျှော့လိုက်ရအောင်နော်