ချောင်းဆိုးတာကို ချက်ချင်းသက်သာသွားစေနိုင်မယ့်နည်းလမ်းကောင်းများ

ချောင်းဆိုးနေရင် ညဘက်တော်တော်နဲ့အိပ်လို့မရပါဘူး။ဒီတော့ ချောင်းအရမ်းဆိုးနေတာကို ချက်ချင်းသက်သာအောင်ဘယ်လိုလုပ်ကြမလဲ?

– ဆား


ချောင်းအရမ်းဆိုးနေတဲ့အခါ ဆားစားပွဲတင်ဇွန်းတစ်ဝက်နဲ့ ရေနွေးဖြူဖန်ခွက်တစ်ခွက်စာကို ရောမွှေလိုက်ပါ။စက္ကန့် ၃၀ လောက် ခံတွင်းပလုတ်ကျင်းပါ။ချောင်းဆိုးသက်သာသွားပါလိမ့်မယ်။

– ကြက်သွန်ဖြူ


ဘတ်တီးရီးယားပိုးတွေကိုသေစေနိုင်တဲ့ကြက်သွန်ဖြူဟာ ချောင်းဆိုးဝေဒနာကိုလည်းသက်သာစေနိုင်ပါတယ်။ကြက်သွန်ဖြူသုံးမွှာလောက်ကိုနွှာပြီး ရေခွက်ထဲထည့်ကာ ပွက်ပွက်ဆူအောင်တည်လိုက်ပါ။ရေဆူလာတဲ့အခါ အအေးခံပါ။ပြီးရင် ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက်
ထည့်ပြီး သောက်ပါ။အရသာက သင်အကြိုက်တွေ့လောက်မယ်မထင်ပေမဲ့ ချောင်းဆိုးတာကို သက်သာစေပါတယ်။

– ပျားရည်နဲ့ငရုတ်ကောင်း


ငရုတ်ကောင်းမှုန်စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောစပ်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ပြီးရင် ရေစစ်ပြီး ၁၀ မိနစ်ကြာအောင်ထားပါ။၁၀ မိနစ်ကြာတဲ့အခါ သောက်လို့ရပါပြီ။တစ်နေ့ကို နှစ်ကြိမ်သောက်ပေးမယ်ဆိုရင် ချောင်းဆိုးဝေဒနာကိုသက်သာစေပါတယ်။

– ပူစီနံရွက်


ပူစီနံရွက်ဟာ ချောင်းဆိုးတာကို ခဏရပ်တန့်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ပူစီနံအရွက်အနည်းငယ်ရယ်၊ပျားရည်နဲ့ သံပုရာသီးစိတ်လေးအနည်းငယ်ညှစ်ထည့်ပြီး တစ်ပတ်လောက်ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ချောင်းဆိုးတာသက်သာသွားပါလိမ့်မယ်။သုံးပတ်လောက်ထိကို ချောင်းဆိုးတာမပျောက်ဘူးဆိုရင်တော့ သင့်အနေနဲ့ ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ချောင်းဆိုးနေတဲ့အချိန်အတွင်း ရှောင်ရမှာကတော့ သကြားပါတဲ့သောက်စရာတွေ၊စားစရာတွေပါပဲ။သကြားဓာတ်ပါဝင်တဲ့ပန်းသီးဖျော်ရည်၊လိမ္မော်သီးဖျော်ရည်တွေတောင် ရှောင်ရင် အကောင်းဆုံးပါပဲ။အရက်ကလည်း သင့်ရဲ့ရေဓာတ်ကိုလျော့နည်းစေပြီး ကိုယ်ခံအားနည်းစေတဲ့အတွက် အရက်ယမကာတွေလည်းရှောင်သင့်ပါတယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.