BTS ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်တယ်လို့ဆိုလာတဲ့ မင်းသမီး Lee Young Ae

နာမည်ကျော်တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ Lee Young Ae ဟာ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ သူမဟာ ကေပေါ့ပ်အဆိုတော်အဖွဲ့ BTS ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

သူမဟာ BTS နဲ့ပတ်သက်ပြီး မကြာခဏလည်းအင်စတာဂရမ်ပေါ်တင်လေ့ရှိပါတယ်။ဟောင်ကောင်မှာကျင်းပတဲ့ 2017 Mnet Asian Music Awards ပွဲမှာ BTS အဖွဲ့နဲ့ တွေ့ဆုံစကားပြောနေတဲ့ပုံရိပ်တွေကို တင်ထားခဲ့သလို ဆိုးလ်မှာကျင်းပခဲ့တဲ့ BTS’s 2019 world tour final concert ပွဲကိုသူငယ်ချင်းတွေနဲ့အတူသွားရောက်အားပေးခဲ့တဲ့ပုံလေးတွေကိုလည်းတင်ထားခဲ့ပါတယ်။

BTS ရဲ့ ”DNA”သီချင်းကို သူမအကြိုက်ဆုံးလို့လည်းဆိုထားပါတယ်။ဒါ့အပြင် 2017 MAMA ပွဲမှာ အစီအစဉ်တင်ဆက်သူလုပ်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့တာဟာ BTS အဖွဲ့ကိုတွေ့ချင်လို့ဖြစ်တယ်လို့ပွင့်ပွင့်လင်းလင်းပြောပြခဲ့ဖူးပါတယ်။

မင်းသမီး Lee Young Ae က “BTS အဖွဲ့သားတွေက သီချင်းကိုဘယ်လိုဆိုရမလဲ ကောင်းကောင်းသိကြပါတယ်။အဲ့ဒါထက် သူတို့ဂီတအပေါ်ထားတဲ့ လေးနက်တဲ့စိတ်ကို ကျွန်မ ပိုပြီးသဘောကျပါတယ်”လို့ ပြောခဲ့ပါသေးတယ်။

Source:Koreaboo

331 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.