ဒီကားလေးကို ကြည့်ဖို့အဆင့်သင့်ဖြစ်နေကြပြီလား

Onward ဟာ အမေရိကန် Animated Fantasy ဇာတ်လမ်းအမျိုးစားဖြစ်ပါတယ်။
Pixar Animation Studios နဲ့ Walt Disney Pictures တို့ပူးပေါင်းထုတ်လုပ်ထားပြီး
ဒါရိုက်တာကတော့ Dan Scanlon ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေဖြစ်တဲ့
Tom Holland, Chris Pratt, Julia Louis-Dreyfus နဲ့ Octavia Spencer တို့ပါဝင်ထားပါတယ်။

Related image

မှော်ဆန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးတစ်ခုမှာ ထူးဆန်းတဲ့သတ္တဝါမျိုးစုံနေထိုင်ကြတယ်။
ဒါပေမယ့် နည်းပညာတွေ တိုးတက်လာတော့ မှော်ပညာတွေဟာ တဖြည်းဖြည်းနဲ့တိမ်မြှုပ်ပျောက်ကွယ်ခဲ့တယ်။ ဆယ်ကျော်သက် ကောင်လေးနှစ်ယောက်ဖြစ်တဲ့ Ian နဲ့ Barley က ဆုံးသွားခဲ့ပြီဖြစ်တဲ့ သူတို့အဖေရဲ့ပြောကြားချက်အတိုင်း ကျန်ရှိနေသေးတဲ့ မှော်ပညာကို ရအောင်ပြန်ယူကြမှာပါ။ မှော်ပညာကိုပြန်ယူတဲ့အခါ သူတို့အဖေကိုလည်း ပြန်ခေါ်နိုင်ပြီ။ ကဲ.. ဘယ်လိုဆက်ဖြစ်မလဲဆိုတာစောင့်လိုက်ရအောင် ..

Related image

ဒီကားလေးဟာ ၂ဝ၂ဝ မတ်လ (၆)ရက်နေ့ထွက်ရှိမှာဖြစ်ပါတယ်။

97 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.