ဇာတ်လမ်းတွဲအသစ်မှာပါဝင်ဖို့ လက်ခံလိုက်ပြီဖြစ်တဲ့ မင်းသမီးချော Kim Tae Hee

ပရိသတ်တွေမျှော်လင့်ထားသလို မင်းသမီးချောလေး Kim Tae Hee ကို မကြာခင်ဇာတ်လမ်းတွဲသစ်လေးမှာ ပြန်လည်မြင်တွေ့ရပါတော့မယ်။နိုဝင်ဘာ ၂၈ ရက်နေ့က မင်းသမီး Kim Tae Hee ဟာ “Hi Bye,Mama!” ဆိုတဲ့ဇာတ်လမ်းတွဲသစ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ဖို့
အတည်ပြုလက်ခံလိုက်ပြီဆိုတဲ့သတင်းထွက်ရှိခဲ့ပါတယ်။ထိုဇာတ်လမ်းတွဲသစ်မှာ မင်းသား Lee Kyu Hyung က ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။

ဒါက မင်းသမီး Kim Tae Hee အတွက် ၂၀၁၅ SBS ဇာတ်လမ်းတွဲ “Yong Pal” အပြီး ၅နှစ်နီးပါးကြာမှ ပြန်လည်ရိုက်ကူးဖြစ်တဲ့ ပထမဆုံးဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။”Hi Bye,Mama!” ဇာတ်လမ်းပုံစံဟာ မတော်တဆမှုနဲ့သေဆုံးသွားတဲ့အမျိုးသမီးတစ်ယောက်မထင်မှတ်ပဲ ၀ိညာဉ်ဘ၀နဲ့ ခင်ပွန်းနဲ့သမီး အနားကိုပြန်ရောက်ဖို့ အခွင့်အရေးရလာတဲ့ပုံစံလေးကို စိတ်ဝင်စားဖွယ်ရိုက်ကူးသွားမယ့်ပုံစံလေးဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ Kim Tae Hee ကို Cha Yu Ri ဆိုတဲ့ဇာတ်ကောင်နဲ့မြင်တွေ့ရမှာ
ဖြစ်ပြီး မင်းသား Lee Kyu Hyung ကိုတော့ သိပ်ချစ်ရတဲ့ဇနီးကို ဆုံးရှုံးလိုက်ရလို့ကြေကွဲဝမ်းနည်းနေတဲ့ဆရာဝန်ဇာတ်ကောင်နဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

“Hi Bye,Mama!”ဇာတ်လမ်းတွဲကို ၂၀၂၀ အစောပိုင်းမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ကဲ Kim Tae Hee ရဲ့ ဇာတ်လမ်းတွဲသစ်လေးကိုအတူတူစောင့်မျှော်လိုက်ရအောင်…

Source:Soompi

546 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.