Green Tea က ဆံသားအတွက် ဘယ်လိုတွေကောင်းမွန်စေလဲ?

သင့်ရဲ့ဆံကေသာအတွက် အရမ်းအသုံးဝင်အကျိုးရှိတဲ့ Green Tea ရဲ့ အကြောင်းလေးတွေ မျှဝေပေးလိုက်တယ်နော်။Green Tea က ဆံသားကို ဘယ်လိုကောင်းကျိုးတွေဖြစ်စေလဲဆိုရင်…

– ဆံပင်ကျွတ်သက်သာစေတယ်
ဆံပင်ကျွတ်လို့ မိန်းကလေးတိုင်းလိုလိုစိတ်ညစ်ရပါတယ်။ဒါပေမဲ့ Green Tea ပါဝင်တဲ့ခေါင်းလျှော်ရည်၊ခေါင်းလိမ်းဆီစတဲ့အလှကုန်တွေသုံးပေးမယ်ဆိုရင် ဆံပင်ကျွတ်သက်သာစေတယ်လို့သိရပါတယ်။

– ဆံပင်ရှည်မြန်စေတယ်
Green Tea က ဆံပင်ရှည်မြန်စေပြီး ကျန်းမာစေပါတယ်။လေ့လာချက်တွေအရ Green tea ပါဝင်တဲ့ပစ္စည်းတွေသုံးစွဲတာဟာ ဦးရေပြားကိုကောင်းကျိုးဖြစ်စေပြီး ဆံပင်ဆဲလ်တွေပျက်စီးခြင်းမဖြစ်အောင်ကာကွယ်ပေးထားနိုင်တယ်လို့သိရပါတယ်။

– ဦးရေပြားကျန်းမာစေတယ်
ဦးရေပြားကျန်းမာမှသာ ကောင်းမွန်တဲ့ဆံသားလေးတွေထွက်လာမှာပါ။တကယ်လို့သင်သာ Green Tea ပါဝင်တဲ့ခေါင်းလိမ်းဆီ၊ခေါင်းလျှော်ရည်၊ပျော့ဆေးမှန်မှန်သုံးစွဲမယ်ဆိုရင်ကျန်းမာတဲ့ဆံသားလေးတွေပိုင်ဆိုင်နိုင်ပါလိမ့်မယ်။လေ့လာချက်တွေအရဆို Green tea ပါဝင်တဲ့ ဆေးဝါးတွေသောက်သုံးတာဟာ အရေပြားတွင်းသွေးစီးဆင်းမှုကိုတိုးတက်ကောင်းမွန်စေပြီး အောက်စီဂျင်ကိုလည်း ၂၉ ရာခိုင်နှုန်း ပိုရတယ်လို့သိရပါတယ်။

Green Tea ကို ဆံသားအတွက်ဘယ်လိုသုံးစွဲကြမလဲ?
– Green Tea ပါဝင်တဲ့ ခေါင်းလျှော်ရည်ကိုသေချာရွေးချယ်ဝယ်ယူပါ။သုံးတဲ့အခါမှာလည်း ဦးရေပြားအထိရောက်အောင်သေချာနှိပ်နယ်ပြီးခေါင်းလျှော်ပါ။
– တစ်ပတ်ကိုတစ်ကြိမ် Green Tea ပါဝင်တဲ့ပျော့ဆေးကိုသုံးပါ။ပျော့ဆေးသုံးပြီးရင် ၃ မိနစ်ကနေ ၅ မိနစ်ထိထားပြီး ဆေးချပါ။
– Green Tea အထုပ်လေးတွေကိုလည်း သုံးပေးနိုင်ပါတယ်။ရေနွေးစိမ်ပြီး ၅ မိနစ်လောက်နှပ်ထားပါ။အေးသွားတဲ့အခါ ဆံပင်အနှံ့လောင်းချပြီး ရေဆေးချပါ။
– တစ်နေ့ကို Green Tea လက်ဖက်ရည် တစ်ခွက်ကနေ နှစ်ခွက်ထိလည်းသောက်သုံးပေးနိုင်ပါတယ်။

 

179 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.