လက်ဖက်ရည်အလွန်အကျွံသောက်ခြင်းရဲ့ဆိုးကျိုးတွေ…

လက်ဖက်ရည်က လူအများစုကြိုက်နှစ်သက်စွာသောက်သုံးကြတဲ့ သောက်စရာတစ်မျိုးပါပဲ။ကော်ဖီစွဲတဲ့သူတွေရှိသလို လက်ဖက်ရည်ဂျိုးတွေလည်းရှိကြပါတယ်။ပုံမှန်တစ်နေ့တစ်ခွက်လောက်က ကိစ္စမရှိပေမဲ့ တစ်နေ့ကိုသုံးလေးခွက်ထက်မနည်းဘူး သောက်နေမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ကျန်းမာရေးနဲ့ပတ်သက်ပြီး ဒီလိုဆိုးကျိုးတွေရလာနိုင်ပါတယ်။

*စိတ်ဖိစီးမှုတွေပိုများလာမယ်
လက်ဖက်ရည်တစ်နေ့လေးငါးခွက်သောက်တဲ့အခါ စိတ်ဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေ ပိုပြီးဖြစ်လာစေပါတယ်။လက်ဖက်ရည်တစ်ခွက်မှာကဖင်းဓာတ် ၁၁ ကနေ ၆၁ mg အထိပါဝင်ပါတယ်။ကဖင်းဓာတ် ၂၀၀ mg ကျော်သွားမယ်ဆိုရင်တော့ မကောင်းပါဘူး။ဒါကြောင့် လက်ဖက်ရည်သောက်မယ်ဆိုရင်လည်း တစ်နေ့ကို အများဆုံး ၂ ခွက် ၃ ခွက်ပဲသောက်ပေးသင့်ပြီး ကျန်းမာရေးကောင်းမွန်စေတဲ့ Herbal tea လေးတွေသောက်မယ်ဆိုရင်တော့ ကျန်းမာရေးအကျိုးကျေးဇူးတွေပိုရရှိစေနိုင်ပါတယ်။

*အိပ်ရေးပျက်လာမယ်
ညဘက်ထမင်းစားပြီးလက်ဖက်ရည်သောက်မယ်ဆိုရင် အိပ်မပျော်နိုင်တော့သလို တစ်နေ့လုံး တစ်ခွက်ပြီးတစ်ခွက်သောက်နေမယ်ဆိုရင်လည်း ညဘက်အိပ်စက်တဲ့အခါမှာ အိပ်ပျော်တော့မှာမဟုတ်ပါဘူး။အိပ်ရေးပျက်လာတဲ့အခါ လူကလည်းနုံးပြီးကျန်းမာရေးထိခိုက်လာပါလိမ့်မယ်။

*အော့အန်မူးဝေမယ်
နေ့စဉ်ရက်ဆက် လက်ဖက်ရည်အများကြီးသောက်မိမယ်ဆိုရင် ရင်တုန်မယ်။အော့အန်ချင်ပြီးမူးဝေလာနိုင်ပါတယ်။ခံနိုင်ရည်အားနည်းတဲ့သူတွေဆိုရင် တစ်ခွက် ၂ ခွက်သောက်ထားရင်ကို ဒီလိုလက္ခဏာမျိုးကြုံတတ်ပါတယ်။ဒါက ရေရှည်အတွက်မကောင်းပါဘူး။

*ခေါင်းကိုက်မယ်
သင်က လက်ဖက်ရည်လည်းတစ်နေ့ကိုလေးငါးခွက်သောက်ပြီး မကြာခဏလည်းခေါင်းကိုက်တတ်တယ်ဆိုရင်တော့သတိထားသင့်ပါပြီ။လိုအပ်တာထက်ပိုနေတဲ့ကဖင်းဓာတ်က နာတာရှည်ခေါင်းကိုက်ဝေဒနာဖြစ်ပွားစေနိုင်ပါတယ်။ဒါကြောင့် လျှော့သောက်ဖို့လိုအပ်ပါတယ်။

ဒီထဲက တစ်ချက်ချက်ကို သင်ကြုံနေရပြီဆိုရင်တော့ လက်ဖက်ရည်ကိုလျှော့သောက်ပါလို့အကြံပေးချင်ပါတယ်။ကိုယ်ကလက်ဖက်ရည်လည်းမဖြတ်နိုင်ဘူး ဆိုရင် အပေါ်မှာပြောခဲ့သလို Herbal tea လေးတွေစမ်းပြီး သောက်ကြည့်သင့်ပါတယ်။

81 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.