လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ မင်းသမီး Pyo Ye Jin နဲ့ မင်းသား Hyun Woo

နိုဝင်ဘာ ၂၇ ရက်နေ့က မင်းသမီး Pyo Ye Jin ရဲ့အေဂျင်စီကနေ “Pyo Ye Jin နဲ့ Hyun Woo တို့လမ်းခွဲလိုက်ကြပါပြီ။သူတို့က အခုဆိုရင် စီနီယာ ဂျူနီယာအဖြစ်သာ ရှိတော့မှာပါ။မင်းသမီး Pyo Ye Jin က သူမရဲ့ အနုပညာအလုပ်တွေကို အကောင်းဆုံးဆက်လုပ်သွားမှာပါ”လို့အတည်ပြုကြေညာခဲ့ပါတယ်။

Pyo Ye Jin နဲ့ Hyun Woo တို့ဟာ ၂၀၁၇ KBS ဇာတ်လမ်းတွဲဖြစ်တဲ့ “Laurel Tree Tailors”မှာစတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဇာတ်လမ်းတွဲအပြီးမှာ ချစ်သူတွေဖြစ်ခဲ့ကြတာပါ။
၂၀၁၈ စက်တင်ဘာလမှာတော့ သူတို့ချစ်သူဖြစ်နေကြောင်းပရိသတ်တွေကိုအသိပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်းလိုက်ဖက်လှတဲ့အတွဲလေးကို ချစ်ခင်အားကျခဲ့ကြပါတယ်။

အခုတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အဆုံးသတ်ခဲ့ပါပြီ။ပရိသတ်တွေကတော့ ဒီသတင်းကြောင့် ၀မ်းနည်းနေကြပါတယ်။လတ်တလောမှာတော့ မင်းသမီး Pyo Ye Jin ဟာ SBS ရဲ့ဇာတ်လမ်းတွဲသစ် “VIP” မှာပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။

Source:Soompi

985 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.