Atlanta မြို့က ရပ်ပ်ပါ Young Jeezyဟာ ဇန်န၀ါရီ ၂၁ရက်နေ့ညနေမှာ ကဖျက်ယဖျက်လုပ်မှုနဲ့ အဖမ်းခံခဲ့ရပြီး ဒါဟာ သုံးပတ်အတွင်း ဒုတိယအကြိမ်မြောက် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
Young Jeezy ရဲ့ နာမည်ရင်းဟာ Jay Wayne Jenkisဖြစ်ပြီး အာဏာပိုင်တွေကို ဆဲဆိုမှုနဲ့ တရားစွဲခံရတာဖြစ်တယ်လို့ Alpharetta မြို့ ရဲဋ္ဌာနမှ ပြောရေးဆိုခွင့်ရှိသူ George Gordonက ပြောသွားပါတယ်။
“Alpharetta မြို့က အိမ်တစ်လုံးမှာ အရေးပေါ်ခေါင်းလောင်းသံ ကြားလို့ ရဲတွေရောက်ခဲ့တယ်။ အိမ်ရှေ့တံခါးမှာ ဘယ်သူမှပြန်မဖြေဘူး။ အိမ်နောက်ဖေးကနေ Young Jeezy ထွက်သွားတာကို တာဝန်ရှိသူတွေက တွေ့ခဲ့တယ်။ သူပြောတာတော့ သူ့ကောင်မလေး အိမ်တဲ့။ သူ့ မှတ်ပုံတင်ပြပါ ဆိုတော့လည်း မပြဘူး။ သူ့နာမည်လည်း မပြောဘူး။ တာဝန်ရှိသူတွေကိုတောင် ဆဲသွားသေးတယ်။ ဒါ့ကြောင့် ဖမ်းလိုက်တာ။” လို့ ရဲဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ George Gordonက ပြောသွားပါတယ်။
Ref:ajc