Woo Do Hwan နဲ့ Moon Ga Young တို့ရဲ့ဒိတ်သတင်းများ ပျံ့ နှံ့နေ

MBC drama ” Tempted” ဇာတ်ကားမှ သရုပ်ဆောင်တွေဖြစ်တဲ့ Woo Do Hwan နဲ့ Moon Ga Youn တို့ ဒိတ်နေကြတယ်ဆိုတဲ့ သတင်းတွေ ဒီကနေ့ နိုဝင်ဘာ ၂၇ရက်နေ့မှာ ထွက်လာခဲ့ပါတယ်။

ဒါဟာ ပထမဆုံးထွက်တဲ့သတင်းမဟုတ်ပါဘူး။ ၂ဝ၁၈ မေလထဲမှာလည်း ဒိတ်သတင်းတွေထွက်ရှိခဲ့ဖူးပါတယ်။ ပထမအခေါက်တုန်းကတော့ ဒိတ်သတင်းနဲ့ပတ်သတ်ပြီး နှစ်ဦးလုံးငြင်းဆိုခဲ့ကြပါတယ်။ ” Tempted” ဇာတ်ကားရိုက်ကွင်း တစ်လျှောက်လုံးနှစ်ယောက်သားလည်း အတော်လေးရင်းနှီးခဲ့တာကြပါပါတယ်။

Image result for Woo Do Hwan and Moon Ga Young

OSEN သတင်းမီဒီယာပြောကြားချက်အရ Woo Do Hwan နဲ့ Moon Ga Young တို့ဟာ
ဆိုးလ်မြို့ ကကော်ဖီဆိုင်မှာ အတူတူထိုင်ခဲ့ပြီး လက်ချင်းတွဲလမ်းလျှောက်နေတာကိုလည်း
တွေ့ခဲ့တဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။

Image result for Woo Do Hwan and Moon Ga Young

သူတို့နှစ်ယောက်ကြည့်ရတာ ဘာမှပြင်ဆင်ထားတာလည်း မရှိ။ ပုံမှန်အရပ်သားတွေလိုပဲ
လျှောက်သွားလည်ပတ်နေတယ်လို့ ပြောပါတယ်။ တာဝန်ရှိသူတွေကတော့ သူတို့က
သူငယ်ချင်းတွေပါ.. ဒိတ်နေကြတာမဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။

312 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.