သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုက ဘာများလဲ?

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းဖို့ အစားအစာတွေ၊ဆေးဝါးတွေနဲ့ တစ်ဖက်တစ်လမ်းကဖြည့်တင်းရသလို အခုပြောပြမယ့်နည်းလမ်းကောင်းကလည်း သင့်ရဲ့ စိတ်ကျန်းမာရေးကိုအထောက်အကူပြုပေးနိုင်တယ်လို့ဆိုထားပါတယ်။ဘာနည်းလမ်းများလဲ?

စိတ်ကလေးကျန်းမာအောင် အထောက်အကူပြုပေးတဲ့နည်းလမ်းကတော့ ခန္ဓာကိုယ်အနှိပ်နယ်ခံခြင်းပါပဲ။တစ်ပတ်ကိုတစ်ကြိမ်ဖြစ်စေ၊နှစ်ပတ်ကိုတစ်ကြိမ်ဖြစ်စေ အနှိပ်နယ်ခံတာဟာ ခန္ဓာကိုယ်အညောင်းညာအကိုက်အခဲပြေစေသလို စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်း
ကောင်းကျိုးတွေရှိပါတယ်။ဘယ်လိုကောင်းကျိုးတွေလဲဆိုရင် …

– စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကိုလျှော့ချပေးနိုင်စွမ်းရှိတယ်
– စိတ်ဓာတ်ကျခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်
– စိတ်အားငယ်ခြင်း၊တစ်ယောက်တည်းအထီးကျန်နေတယ်လို့ခံစားနေရတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးတယ်
– နာကျင်မှု၊စိတ်အရမ်းလှုပ်ရှားတတ်မှု၊စိုးရိမ်ပူပန်လွန်းမှုစတဲ့ စိတ်ခံစားချက်နဲ့ပတ်သက်တာတွေကို တည်ငြိမ်အောင်ထိန်းချုပ်ပေးနိုင်စွမ်းရှိတယ်

အဲ့ဒီလိုစိတ်နဲ့ပတ်သက်တဲ့ကောင်းကျိုးတွေကို သင်ရရှိနိုင်ပါတယ်။အနှိပ်ခံတဲ့အခါမှာလည်း တစ်ကိုယ်လုံးအနှိပ်ခံရင်ပိုပြီးအကျိုးကျေးဇူးရှိသလို ကုလားထိုင်မှာထိုင်ပြီးအနှိပ်ခံရင်လည်း ဒီလိုမျိုးကောင်းကျိုးတွေရရှိနိုင်ပါတယ်။

30 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.