ချစ်သူနဲ့ အချစ်ဇာတ်လမ်းတွေအတူကြည့်ခြင်းက သင်တို့ဆက်ဆံရေးကို ပိုခိုင်မြဲစေ…

တွဲလာတာနှစ်ကြာလာတဲ့ စုံတွဲတွေမှာအဖြစ်များဆုံးက တစ်ယောက်အပေါ် တစ်ယောက်ငြီးငွေ့သွားတတ်ကြပါတယ်။ ပြောစရာစကားတွေ ကုန်လာသမျိုး။ နေ့တိုင်း စားပြီးပြီလား ၊ အိမ်ပြန်ရောက်ပြီလား၊ ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေက အပ်ကြောင်းထပ်နေသလိုခံစားလာရတယ်။

နှစ်ယောက်ကြားမှာ အရင်လိုနွေးထွေးမှုတွေ မရှိတော့သလိုပဲ။ ဘာကြောင့်လဲ။ ရိုးသွားလို့လား။
လူ့စိတ်ဆိုတာ ကြာလာရင် ငြီးငွေ့တတ်တဲ့သဘောရှိပါတယ်။ ဒါဆို ဒီလိုအေးစက်နေတဲ့
ဆက်ဆံရေးမျိုးဖြစ်သွားအောင် ဘယ်သူကလုပ်လိုက်တာလဲ ။ သေချာတာကတော့ နှစ်ယောက်လုံးမှာ တာဝန်ရှိမှာပါ။

Watching Relationship Movies With Your Partner Can Save You From a Divorce, Study Says

ချစ်တဲ့စိတ်လေးရှိသေးရင် ၊ သံယောဇဉ်လက်ကျန်လေးတွေနဲ့ ရှေ့ဆက်ချင်သေးတယ်ဆိုရင်
သူ့လက်ကို ဆုပ်ကိုင်ထားပါ။ သူဟာ အခြားလူတွေထက် ပိုအရေးပါနေတယ်ဆိုရင် ဒီထက်ပိုပြီး
အေးစက်အောင် မလုပ်ပါနဲ့တော့။ ချစ်တဲ့သူနဲ့ စိတ်ပျော်စေမယ့်အရာတစ်ခုကို အတူတူလုပ်ကြည့်ပါ။

လေ့လာမှုများအရ ချစ်တဲ့သူနဲ့ ရုပ်ရှင်ဇာတ်ကားတွေအတူ ကြည့်ခြင်းကနေ သင်တို့ဆက်ဆံရေး
ကို ပိုကောင်းစေသတဲ့။ ရုပ်ရှင်တွေဆိုတာလည်း လက်တွေ့ဘဝကို ရိုက်ကူးထားတာမို့
အပြင်နဲ့ထပ်တူညီပါတယ်။ နှစ်ယောက်သား မသိလိုက်တဲ့ လစ်ဟင်းမှုတွေကို ရုပ်ရှင်ထဲကနေ
အတူတူ သင်ယူနိုင်တယ်။ ဘယ်လိုတွေကြောင့် နှစ်ယောက်သားစိတ်တွေ ဝေးသွားလဲ..
ဘယ်လိုညှိယူရင် ငါတို့ ပြန်အဆင်ပြေမလဲ ။

Watching Relationship Movies With Your Partner Can Save You From a Divorce, Study Says

ရုပ်ရှင်ထဲမှာ အများကြီးချပြထားပါတယ်။ မယုံရင် ကြည့်ကြည့်ပါ။ ကြည့်ပြီးတဲ့အခါ ချစ်တဲ့သူကို
တန်ဖိုးထားရကောင်းမှန်း သိလာလိမ့်မယ်။ မရှိတော့မှ ပြန်လိုချင်နေလို့ အလကားပါပဲ။
ရှိနေတုန်းလေး နားလည်မှုတွေတည်ဆောက်ယူပြီး အေးစက်နေတဲ့နှလုံးသားတွေကို
ပြန်လည် နှိုးဆအသက်သွင်းလိုက်ပါတော့ …

80 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.