“Obsession” အခွေမိတ်ဆက်ပွဲအခမ်းအနားကို ဖျက်သိမ်းခဲ့တဲ့ EXO

နာမည်ကျော်တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO ဟာ ဒီအပတ်ထဲကျင်းပမယ့် သူတို့ရဲ့ ၆ ခုမြောက် အယ်လ်ဘမ်သစ် “Obsession”မိတ်ဆက်ပွဲအခမ်းအနားကို ဖျက်သိမ်းခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပွဲလုပ်ဖို့ စီစဉ်ထားခဲ့ပေမဲ့လည်း မကြာသေးခင်ရက်ပိုင်းက အဆိုတော် Goo Hara သေဆုံးသွားမှုကြောင့်သူတို့ရဲ့ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ SM Entertainment က ကြေညာခဲ့ပါတယ်။EXO ဟာ “Obsession”အခွေအတွက်
ပြင်ဆင်မွမ်းမံမှုတွေလည်းပြန်လုပ်နေတယ်လို့ သိရပါတယ်။

“Obsession” အခွေပရိုမိုးရှင်းအတွက် လာမယ့် နိုဝင်ဘာ ၂၈ ရက်နေ့မှာ JTBC ရဲ့”Knowiing Brothers”အစီအစဉ်ကို အဖွဲ့ဝင် ၆ယောက်သွားရောက်ဖို့ရှိတယ်လို့လည်းသိရပါတယ်။ဒီအစီအစဉ်မှာပါဝင်တာဟာဆိုရင် ၂၀၁၈ ဒီဇင်ဘာလတုန်းက ပထမဆုံးဖြစ်ပြီး ဒါက ဒုတိယအကြိမ်
ပါဝင်ခြင်းပဲဖြစ်ပါတယ်။

EXO ရဲ့သီချင်းသစ်မျှော်နေတဲ့ပရိသတ်တွေလည်း မကြာခင်သီချင်းကောင်းလေးတွေနားဆင်ရတော့မှာပါ။

Source:Allkpop

173 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.