နိုဝင်ဘာ ၂၁ ရက်နေ့က ပြည်ပမီဒီယာတစ်ခုဖြစ်တဲ့ Sports Chosun ကနေ မင်းသမီး Lee Se Young ကို “Memorist”ဇာတ်လမ်းတွဲခေါင်းဆောင်မင်းသမီးအဖြစ် ရွေးချယ်ထားခဲ့ကြောင်းဖော်ပြလာခဲ့ပါတယ်။
“Memorist”ဇာတ်လမ်းတွဲဟာ tvN ကနေ ရိုက်ကူးထုတ်လွှင့်သွားမှာဖြစ်ပြီး နာမည်ကျော် webtoon ကို အခြေခံပြီးပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းပုံစံက သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့စုံထောက်တစ်ယောက် ထူးဆန်းပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့အမှုတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။မင်းသား Yoo Seung Ho ကို စုံထောက် Dong Baek အဖြစ်သရုပ်ဆောင်ဖို့ကမ်းလှမ်းထားတာဖြစ်ပြီး မကြာသေးခင်ကပဲ မင်းသားဘက်ကလက်ခံကြောင်းအတည်ပြုခဲ့ပါတယ်။
မင်းသမီး Lee Se Young ရဲ့အေဂျင်စီ Prain TPC ကလည်း “Lee Se Young က “Memorist”ဇာတ်လမ်းတွဲကို လက်ခံဖြစ်ဖို့များပါတယ်”လို့ပြောခဲ့ပါတယ်။တကယ်လို့သူတို့နှစ်ယောက်ကိုသာ ခေါင်းဆောင်မင်းသားမင်းသမီးတွေအဖြစ်တွဲဖက်မြင်တွေ့ရမယ်ဆိုရင် ဒါက ၈နှစ်ကြာအပြီးသူတို့နှစ်ယောက် ဒုတိယအကြိမ်ပြန်လည်ဆုံတွေ့ရိုက်ကူးဖြစ်မှာပဲဖြစ်ပါတယ်။Lee Se Young နဲ့ Yoo Seung Ho တို့ဟာ ၂၀၁၂ တုန်းက “I Miss You”ဇာတ်လမ်းတွဲကိုတွဲဖက်ရိုက်ကူးခဲ့ဖူးပါတယ်။
“Memorist”ဇာတ်လမ်းတွဲကိုနောက်နှစ်ထဲမှာထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
Source:Soompi