သင်မသိသေးတဲ့ စပျစ်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ…

ချဉ်ချိုအရသာလေးရှိတဲ့စပျစ်သီးကို လူတိုင်းနီးပါးအကြိုက်တွေ့ကြပါတယ်။အရသာလည်းရှိသလို စပျစ်သီးမှာကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရှိနေပါတယ်။ဘယ်လိုအကျိုးကျေးဇူးတွေလဲဆိုရင်…

*ကင်ဆာရောဂါကာကွယ်ပေးနိုင်
စပျစ်သီးမှာ polyphenols လို့ခေါ်တဲ့ antioxidant တွေကြွယ်ဝပါတယ်။အနီရောင်စပျစ်သီးခွံမှာ ပါဝင်တဲ့ resveratrol ဟာ အသည်း၊အစာအိမ်၊ရင်သား၊အူမကြီး၊သွေးကင်ဆာ၊အရေပြားကင်ဆာစတဲ့ ကင်ဆာရောဂါတွေမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တယ်လို့လေ့လာတွေ့ရှိထားကြောင်းသိရပါတယ်။ဝိုင်နီသောက်သုံးပေးတာကလည်းကင်ဆာရောဂါကာကွယ်ပေးနိုင်ပါတယ်။အမျိုးသမီးတွေဆို တစ်နေ့တစ်ခွက်သောက်သုံးနိုင်ပြီးအမျိုးသားတွေဆို တစ်နေ့ ၂ ခွက်သောက်သုံးပေးနိုင်ပါတယ်။

*နှလုံးကျန်းမာရေးကောင်းမွန်စေ
စပျစ်သီးမှာ မကောင်းတဲ့ကိုလက်စထေရောတွေကိုလျှော့ချပေးနိုင်တဲ့ Quercetin နဲ့ resveratrol ဓာတ်တို့ပါဝင်ပါတယ်။ဒါကြောင့်နှလုံးသွေးကြောကျဉ်းရောဂါတွေ၊နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေမဖြစ်ပွားစေတော့ပါဘူး။နှလုံးသွေးလည်ပတ်မှုလည်းကောင်းမွန်စေပါတယ်။

*၀မ်းချူပ်ခြင်းမဖြစ်အောင်ကာကွယ်ပေး
စပျစ်သီးမှာ ရေဓာတ်နဲ့အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် စပျစ်သီစားတဲ့အခါ လူကရေဓာတ်ပြည့်ဝနေပြီးဝမ်းချုပ်ခြင်းမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ဝမ်းလည်းပုံမှန်သွားစေပါတယ်။

*မျက်လုံးကျန်းမာရေးကောင်းမွန်စေ
စပျစ်သီးမှာ မျက်လုံးကျန်းမာရေးကိုအဓိကကောင်းမွန်စေတဲ့ Lutein နဲ့ Zeaxanthin ဓာတ်တွေပါဝင်ပါတယ်။ဒါကြောင့်မျက်လုံးအားလည်းကောင်းစေသလို မျက်လုံးညောင်းညာကိုက်ခဲတာတွေလည်းသက်သာစေပါတယ်။

*၀က်ခြံကာကွယ်ပေး
စပျစ်သီးမှာပါဝင်တဲ့ resveratrol ဓာတ်ဟာဝက်ခြံရောင်ရမ်းခြင်းတွေမဖြစ်အောင်ကာကွယ်ပေးပြီး ၀က်ခြံတွေထပ်မထွက်လာအောင်လည်းကူညီပေးနိုင်တယ်လို့သိရပါတယ်။

*၀ိတ်ချဖို့အတွက်ကူညီပေးနိုင်
ဗီတာမင် C နဲ့ ဗီတာမင် K ပါဝင်တဲ့ စပျစ်သီးက ကယ်လိုရီနည်းပါးပြီး resveratrol ဓာတ်ကြောင့် ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကိုမြန်ဆန်တိုးတက်စေပါတယ်။စပျစ်သီးခွက်တစ်ခွက်စာမှာ
ကယ်လိုရီ ၁၀၀ လောက်သာရှိတဲ့အတွက် အဆာပြေ၊သရေစာအနေနဲ့စားပေးမယ်ဆိုရင် ကယ်လိုရီလည်းမတက်တော့ပဲ ၀ိတ်လည်းကျဆင်းစေပါတယ်။

တစ်နေ့ကို ကော်ဖီခွက်တစ်ခွက်နဲ့တစ်ဝက်စာကနေ ကော်ဖီခွက် ၂ ခွက်စာလောက်ထိ စပျစ်သီးလေးတွေစားပေးနိုင်ပါတယ်။

68 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.