“Vagabond” Season 2 ထပ်ဆက်ဖို့ရှိနိုင်လား …

ကဲ.. အခုဆိုရင်တော့ “Vagabond” ဇာတ်သိမ်းပိုင်းကို ပရိသတ်တွေ ကြည့်ပြီးလောက်ရောပေါ့။
ဇာတ်သိမ်းပိုင်းဟာ တစ်ကားလုံးရဲ့ဇာတ်ရှိန်တက်ဆုံးအပိုင်းလို့ပြောလို့ရပါတယ်။ ဒါပေမယ့်
ဇာတ်သိမ်းကြည့်ပြီးတဲ့သူတွေ သိမှာပါ.. open ending ကြီးပါ။

Related image

ချာဒယ်ဂွန် နဲ့ ဂိုဟယ်ရီတို့တောင် ပြန်မတွေ့လိုက်ရဘူး။ အဆုံးသတ်သွားတယ်ဆိုတာတော့
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ စာရေးသူလည်း ပရိသတ်တစ်ယောက်အနေနဲ့ season 2 ထွက်ရှိလာဖို့ကို မျှော်လင့်နေပါတယ်။

“Vagabond” ရဲ့ production company မှ တာဝန်ရှိသူ ပြောကြားချက်ကတော့ ..
” production ကာလက အချိန်တော်တော်ကြာတယ်ဗျ ။ ပရိသတ်တွေလည်း ဝမ်းနည်းစိတ်နဲ့
အတူ စိတ်သက်သာရမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့စိတ်ထဲမှာတော့ season 2 ကို ရိုက်ချင်နေပါပြီ။ ဒါပေမယ့် အခုထိ သေချာအတည်မပြုရသေးဘူး။ လက်ရှိမှာ စိစစ်နေတုန်းမို့လို့ပါ။
သရုပ်ဆောင် ၊ ဇာတ်ညွှန်းဆရာတွေနဲ့ ဒါရိုက်တာတွေရဲ့schedules တွေကို တစ်ချက်ပြန်ကြည့်ဖို့လည်း လိုသေးလို့ပါ ”

Image result for vagabond ending

“Vagabond” ရုပ်ရှင်အဖွဲ့သားတွေ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။ နိုင်ငံခြားမှာ
ရိုက်ကူးရေးလုပ်နေတဲ့အချိန်တွေမှာလည်း ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးရှိပေးခဲ့တဲ့အတွက်ရော ၊ အကောင်းဆုံးကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ.. ”

ပရိသတ်တွေရေ… season 2 ကိုအတူတူ စောင့်ကြမယ်နော်..

268 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.