မွေးနေ့ဆုတောင်းပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားတုံ့ပြန်ခဲ့တဲ့ Song Hye Kyo

ဒီကနေ့ နိုဝင်ဘာ ၂၂ရက်နေ့ဟာ Song Hye Kyo ရဲ့အသက် ၃၈နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါ
တယ်။ အားလုံးလည်း သိတဲ့အတိုင်း နယူးယော့မြို့ မှာရှိတဲ့ Time Square ကြေငြာဘုတ်မှာ သူမအတွက် နိုင်ငံတကာက ပရိသတ်တွေ မွေးနေ့ဆုတောင်းလုပ်ပေးထားတာ မြင်ပြီးမှာပါ။

ဒီလို ပြီးပြည့်စုံတဲ့ မွေးနေ့လက်ဆောင်အတွက် Song Hye Kyoက ပရိသတ်တွေကို
ကျေးဇူးတင်စကား ပြန်ပြောခဲ့ပါတယ်။

” မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြတဲ့ ကိုရီးယားနဲ့ နိုင်ငံတကာမှ ပရိသတ်တွေကို ကျေးဇူး
တင်ပါတယ်ရှင်… ပရိသတ်တွေပေးတဲ့အချစ်ကို ကျွန်မအမြဲတမ်း အမှတ်ရနေမှာပါ ” လို့
သူမရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့ပါတယ်။

နယူးယော့မြို့ အပြင် အခြားနေရာက ကြေငြာဘုတ်တွေမှာလည်း သူမအတွက် မွေးနေ့ဆုတောင်းတွေ ပြသထားတာတွေ့ရပါတယ်။

Hye Kyo ဟာ နောက်ထပ်ဇာတ်ကားသစ်အတွက်  ကမ်းလှမ်းမှုတွေကို ရွေးချယ်နေတယ်လို့လည်း သိရပါတယ်။

Happy birthday to Song Hye Kyo!

764 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.