ဒုတိယမြောက်ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့ မင်းသမီးချော Lee Yoon Ji

နာမည်ကျော်တောင်ကိုရီးယားမင်းသမီးချောလေး Lee Yoon Ji ဟာ ဒုတိယမြောက်ရင်သွေးလေးလွယ်ထားရပြီလို့သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့က သူမရဲ့အေဂျင်စီ Namoo Actors ကနေ “မင်းသမီး Lee Yoon Ji ဟာ အခုဒုတိယကိုယ်ဝန်လွယ်ထားရပါပြီ။သူမအတွက်ဆုမွန်ကောင်းတွေတောင်းပေးကြပါဦး”လို့အတည်ပြုပြောကြားခဲ့ပါတယ်။

Lee Yoon Ji ဟာ သူမထက် အသက် ၃ နှစ်ကြီးတဲ့ သွားဆရာဝန်တစ်ယောက်နဲ့ ၂၀၁၄ တုန်းကလက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၅ မှာ သမီးလေးRa Ni ကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကတောင် “The Return of Superman”အစီအစဉ်မှာသမီးလေးနဲ့အတူပါဝင်ထားခဲ့ပါတယ်။


မင်းသမီး Lee Yoon Ji ဟာ Princess Hours ၊ Ex-Girlfriends’ Club ၊ Revolutionary Love ၊The Third Charm ၊ Dream high စတဲ့ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိလာခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့ဒုတိယကိုယ်ဝန်နဲ့ပတ်သက်လို့ “Same Bed, Different Dreams 2 – You Are My Destiny”အစီအစဉ်မှာ ပိုပြီးပြောပြသွားမယ်လို့လည်းသိရပါတယ်။

Congratulations to Lee Yoon Ji and her family!

Source:Soompi

247 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.