Blue Dragon Film Awards ဆုပေးပွဲမှာ Presenter အဖြစ်မြင်တွေ့ခဲ့ရတဲ့ Kim Woo Bin

မင်းသား Kim Woo Bin ဟာ နိုဝင်ဘာ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ 40th Blue Dragon Film Awards ဆုပေးပွဲမှာ Presenter အဖြစ်တင်ဆက်ပေးခဲ့တယ်လို့သိရပါတယ်။ဒါဟာ ၂ နှစ်ကြာအနုပညာလှုပ်ရှားမှုတွေနဲ့ဝေးကွာခဲ့ပြီးတဲ့နောက် ပထမဆုံးသူ့ရဲ့အနုပညာလှုပ်ရှားမှုတစ်ခုပါပဲ။

Kim Woo Bin ဟာ ၂၀၁၇ မေလတည်းက ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး အနုပညာလှုပ်ရှားမှုတွေလုံးဝရပ်နားထားခဲ့သူဖြစ်ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကတော့ ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ်တာဝန်ယူခဲ့ပြီး ပရိသတ်တွေကိုသူကျန်းမာ
ရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းပြသခဲ့ပါတယ်။

Kim Woo Bin က “ဒါက အချိန်အကြာကြီးနေမှ ပထမဆုံးပြန်နှုတ်ဆက်ရတာပါ။ဒါကြောင့် ဘာပြောရမလဲစိုးရိမ်နေခဲ့ပါတယ်။တစ်ခြားဟာတွေထက် အရင်ဆုံး ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော့်ရဲ့ကျန်းမာရေးအခြေအနေက အရမ်းဆိုးရွားခဲ့ပါတယ်။ဒါပေမဲ့ လူတွေအများကြီးက ကျွန်တော့်ကိုအားပေးခဲ့ကြတယ်။ဆုတောင်းပေးခဲ့ကြတယ်။ဒါကြောင့်ပဲ ကျွန်တော်အခုလိုမြန်မြန်ကျန်းမာရေးကောင်းပြီး ပြန်နှုတ်ဆက်နိုင်ခဲ့တာပါ။တကယ်ပဲ ကျေးဇူးတင်ပါတယ်”လို့ ပြောပြီး သေချာလေးနှုတ်ဆက်ခဲ့ပါတယ်။

အခုလက်ရှိမှာဆိုရင် မင်းသား Kim Woo Bin ဟာ ဒါရိုက်တာ Choi Dong Hoon ရိုက်ကူးမယ့်ရုပ်ရှင်ကားသစ်အတွက် ဆွေးနွေးနေတယ်လို့သိရပါတယ်။မကြာခင်မှာ သူ့ရဲ့ဇာတ်လမ်းတွဲသစ်လေး မြင်တွေ့ရမလားဆိုတာကိုတော့ အတူတူစောင့်မျှော်အားပေးလိုက်ရအောင်နော်

Source:Soompi

311 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.