‘300: Rise of an Empire’ အတွက် တတိယထွေလာ အွန်လိုင်းမှာ ထွက်ရှိလာပါတယ်။ အလွန်ရဲရင့်ပြီး ဟီးရိုးဆန်ဆန် အက်ရှင်ဇာတ်ကွက်တွေ အများကြီးပါလာမယ်လို့လည်း ကတိပြုလိုက်သလို ဖြစ်ပါတယ်။
“Rise of an Empire” ဟာ ၂၀၀၇ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Frank Millerရဲ့ 300 ဇာတ်လမ်း နောက်ဆက်တွဲ ဖြစ်ပြီး ဒါရိုက်တာ Noam Murro ရိုက်ကူးထားတာ ဖြစ်ပါတယ်။ “300” နဲ့ “Man of Steel” တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Zack Snyder ဟာလည်း ဇာတ်ညွှန်းရေးပြီး ထုတ်လုပ်သူအဖြစ် ပါဝင်အားစိုက်ထားပါတယ်။ Sullivan Stapleton, Eva Green, Lena Headey, Hans Matheson, Rodrigo Santoro နဲ့ David Wenham တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဂရိ နိုင်ငံရေးသမား တစ်ဖြစ်လဲ စစ်သူကြီး Themistocles, အာရှမိုင်းနား၊ Caria ဒေသရဲ့ ဘုရင်မ Artemisia I နဲ့ Achaemenid အင်ပါယာ လေးဆက်မြောက်ဘုရင် Xerxes I of Persia (Xerxes the Great ) တို့ရဲ့ အကြောင်းတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ “300: Xerxes” ရဲ့ နောက်ခံဇာတ်ကြောင်း တချို့လည်း ပြန်ထည့်ထားပြီး Xerxes ဟာ ဘယ်လိုနည်းနဲ့ ဘုရင်ဖြစ်လာတယ်ဆိုတာ ရှင်းပြထားတာကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။
Ref:starpulse,Wikipedia