လွန်ခဲ့တဲ့ နှစ်အနည်းကနဲ့ ယှဉ်ရင် အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာတွေက ကျွန်ုပ်တို့နေ့ စဉ်ဘဝရဲ့  မရှိမဖြစ်လိုအပ်ချက်တစ်ခုလို ဖြစ်လာပါတယ်။

facebook.jpg

လွန်ခဲ့တဲ့ နှစ်အနည်းကနဲ့ ယှဉ်ရင် အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာတွေက ကျွန်ုပ်တို့နေ့ စဉ်ဘဝရဲ့  မရှိမဖြစ်လိုအပ်ချက်တစ်ခုလို ဖြစ်လာပါတယ်။ မရှိမဖြစ်လိုအပ်ချက်ကတဆင့် ဆေးစွဲသလို စွဲလန်းတဲ့အဆင့်အထိရောက်သွားခဲ့ရင်တော့ အကျိုးဆုတ်ယုတ်မှုတွေအများကြီး ဖြစ်စေနိုင်လို့  ဆိုရှယ်မီဒီယာတွေကို လိုအပ်တာထက် အသုံးမချမိဖို့ လိုပါတယ်။

၁) အကြောင်းအရင်း နားလည်အောင်ကြိုးစားပါ။

ဆိုရှယ်လ်နက်ဝေါ့ခ်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ တွီတာတို့ မှာ ၄၊ ၅ နာရီလောက်ကြာအောင် Refresh ခဏခဏလုပ်ပြီး အချိန်ပြည့် အသုံးပြုနေပါသလား။ ဒီလို အကျိုးမရှိတဲ့လုပ်ရပ်တွေအတွက် အချိန်ကုန်နေရတဲ့ အကြောင်းအရင်းကို သင်သိပါသလား။ ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက် ဆိုရှယ်မီဒီယာကိုအသုံးပြုနေတာမဟုတ်ဘဲ အကြောင်းမရှိ ဆိုရှယ်လ်နက်ဝေါ့ခ်ကို အမြဲမပြတ်ဝင်ရောက်ကြည့်ရှုနေရင်တော့ သင့်ရဲ့ မသိစိတ်က ဆိုရှယ်လ်မီဒီယာအပေါ်ကို တဖြည်းဖြည်း စွဲလန်းနေမိသူဖြစ်လာနိုင်ပါတယ်။ ပထမဦးဆုံး သင်ဘာကြောင့် ဆိုရှယ်လ်နက်ဝေါ့ခ်ကို အသုံးပြုနေသလဲဆိုတဲ့ အကြောင်းအရာတွေကို နားလည်အောင် ကြိုးစားပါ။ အကြောင်းအရာတစ်ခုခုက သင့်စိတ်ထဲမှာ ထင်ကျန်တတ်စေပါသလား။ ဒီလိုဖြစ်ရခြင်းကတော့ ဆိုရှယ်မီဒီယာ စွဲလန်းမှုတွေရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ သင်ရဲ့ စဉ်းစားတွေးခေါ်မှုများကို ပြောင်းလဲစေနိုင်ရုံသာမကပဲ နေ့စဉ်ဘ၀ကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

၂) အချိန်သတ်မှတ်ထားပါ။

အင်တာနက်အသုံးပြုချိန်ကို သတ်မှတ်ထားသင့်ပါတယ်။ အထူးသဖြင့် အလုပ်အချိန်နဲ့ မိသားစုအတွက်အချိန်တွေမှာ ဆိုရှယ်လ်မီဒီယာကို အသုံးများလေ့ရှိကြပါတယ်။ ဒီလိုအလုပ်အချိန်တွေ၊ မိသားစုဝင်တွေနဲ့ တွေ့ ဆုံနေချိန်မှာ ဆိုရှယ်လ်နက်ဝေါ့ခ်အသုံးပြုနေခြင်းကို အချိန် အကန့် အသတ်နဲ့ ထားရှိပေးသင့်ပါတယ်။

၃) ဆိုရှယ်လ်နက်ဝေါခ်အသုံးပြုမယ့်အချိန်မှာ ဝါသနာပါတာတစ်ခုခုကို အစားထိုးလုပ်ပါ။

ဆိုရှယ်လ်မီဒီယာအပေါ် အာရုံလွှဲချင်ရင် ၀ါသနာပါတဲ့ အားကစားတစ်ခုလုပ်ပြီး အာရုံလွှဲနိုင်အောင်ကြိုးစားပါ။ စာဖတ်တာဝါသနာပါရင်တော့ စာအုပ်နဲ့ စာဖတ်ပါ။ အွန်လိုင်းပေါ်မှာ စာဖတ်မယ်ဆိုရင်တော့ ဆိုရှယ်လ်နက်ဝေါ့ခ်အားလုံးကို ပိတ်ထားပြီးဖတ်သင့်ပါတယ်။ ဒီလို ဆိုရှယ်လ်နက်ဝေါခ်နေရာမှာ ဝါသနာပါတာတစ်ခုခုကို အစားထိုးလိုက်တာက နေ့ စဉ်ဘဝတိုးတက်ရေးအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။

၎) ဆိုရှယ်လ်မီဒီယာကို ဦးစားမပေးပါနဲ့ ။

ဆိုရှယ်လ်မီဒီယာကို ဘယ်တော့မှ ဦးစားမပေးသင့်ပါဘူး။ သင်ရဲ့ အလုပ်၊ မိသားစု နှင့် ကျန်းမာရေးတွေကို ဥပေက္ခာပြုပြီး ဆိုရှယ်လ်မီဒီယာကို ဦးစားပေးရင် အကျိုးဆုတ်ယုတ်မှုတွေပဲဖြစ်လာနိုင်တာကြောင့်မလို့ ဆိုရှယ်လ်မီဒီယာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ ဆိုရှယ်လ်မီဒီယာတွေကို အားလပ်ချိန်တွေမှာသာ ဖျော်ဖြေရေးတစ်ခုအနေနဲ့  အသုံးပြုသင့်ပါတယ်။

http://www.mensxp.com/technology/internet/8010-how-to-cure-social-media-addiction.html မှ ဘာသာပြန်တင်ဆက်ထားပါသည်။
“Facebook Burnout” © 11th March 2013 mkhmarketing, used under a Creative Commons Attribution-ShareAlike license:http://creativecommons.org/licenses/by/2.0/deed.en

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.