သရေစာအမြဲစားမိနေတဲ့အကျင့်ကို ဘယ်လိုဖျောက်ကြမလဲ?

ကျွန်တော်တို့တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေထက် အရသာရှိပြီး အဆီများအသားများတဲ့အစားအစာတွေကိုပိုပြီးသဘောကျကြပါတယ်။အဲ့ဒီသရေစာတွေက ကျွန်တော်တို့ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာသိပေမဲ့လည်း အဲ့ဒီသရေစာတွေကလွယ်လွယ်ကူကူနဲ့ဖြတ်လို့ရတဲ့အထဲမှာတော့ မပါခဲ့ပါဘူး။ဒီတော့ ဒီသရေစာအမြဲစားမိနေတတ်တဲ့အကျင့်ကြီးကို ဘယ်လိုဖျောက်ကြမလဲ?

*ကိုယ်အမြဲတမ်းစားဖြစ်တဲ့သရေစာတွေကို အိမ်မှာလုံးဝမထားပါနဲ့
အိမ်မှာမြင်နေတွေ့နေရရင် လက်ကအမြဲအဲ့ဒီကိုရောက်ရောက်သွားတတ်ပါတယ်။ဒါကြောင့် ဖြည်းဖြည်းချင်းစားမယ်ဆိုပြီးတောင်ကြိုတင်မ၀ယ်ထားသင့်ပါဘူး။စားပြီးရင်း ထပ်စားချင်ဖြစ်နေပါလိမ့်မယ်။အားလပ်ရက်မှာ မုန့်စားချင်တယ်ဆိုရင်လည်း ကယ်လိုရီနည်းတဲ့မုန့်ချပ်တွေ၊ဘီစကစ်ချပ်လေးတွေပဲ စားသင့်ပါတယ်။

*ကိုယ့်ရဲ့အလေ့အကျင့်ကိုပြောင်းပါ
ကိုယ်က အမြဲ ၂ နာရီ၊ ၃ နာရီမှာ သရေစာ စားဖြစ်တယ်ဆိုရင် အဲ့ဒီအချိန်ရောက်တဲ့အခါ လမ်းထလျှောက်လိုက်တာ၊အလုပ်တစ်ခုခုပြေးလုပ်လိုက်တာမျိုးလုပ်ကြည့်ပါ။အလေ့အကျင့်တစ်ခုက ချက်ချင်းတော့ပျောက်မှာမဟုတ်ပါဘူး။ဒါကြောင့်ဖြည်းဖြည်းချင်း ဖျောက်ပါ။ကြာလာတဲ့အခါ ဗိုက်မဆာပဲ စားချင်နေတဲ့အာသီသကြီးပျောက်သွားပါလိမ့်မယ်။

*ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ အစားထိုးပါ
ကိုယ်က သရေစာစားတတ်တဲ့အကျင့်ကိုလုံးဝမဖျောက်နိုင်ဘူးဆိုရင် သရေစာနေရာမှာ တစ်ခြားကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုအစားထိုးစားပါ။အစပိုင်းတော့ မတင်းတိမ်နိုင်ပေမဲ့ နောက်ပိုင်း အဆင်ပြေသွားပါလိမ့်မယ်။ညဘက်တွေဗိုက်ဆာတယ်ဆိုရင်လည်း အသီးအနှံလေးတွေစားပေးလို့ရပါတယ်။

ဒီအချက်လေးတွေကိုပဲ သေချာသတိထားပြီးလုပ်မယ်ဆိုရင် သရေစာအမြဲစားမိနေတဲ့အကျင့်ကြီးပျောက်သွားပါလိမ့်မယ်။

57 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.