စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲမှာ မြင်တွေ့လာရဖွယ်ရှိတဲ့ မင်းသား Kim Jae Wook

နှုတ်ခမ်းနီမလေးတွေအသည်းစွဲမင်းးသားချော Kim Jae Wook ကို စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲရိုက်ကူးဖို့ကမ်းလှမ်းထားတယ်လို့သိရပါတယ်။

နိုဝင်ဘာ ၂၄ရက်နေ့က Joy News 24 ကနေ မင်းသား Kim Jae Wook ကို “Train”(ယာယီနာမည်)ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းထားတယ်လို့ဖော်ပြထားခဲ့ပါတယ်။”Train”ဟာ စိတ္တဇလူသတ်သမားရဲ့လက်ချက်ကြောင့် ချစ်ရတဲ့အမျိုးသမီးလေးကို ဆုံးရှုံးခဲ့ရပေမဲ့ သူမကို တစ်ခြားကမ္ဘာတစ်ခုမှာ အသက်ရှင်လျက်ပြန်တွေ့ရတဲ့အခါ ကာကွယ်ပေးဖို့ကြိုးစားတဲ့ အမျိုးသားတစ်ယောက်ရဲ့အကြောင်းရိုက်ကူးသွားမှာဖြစ်ပါတယ်။

မင်းသား Kim Jae Wook ကို ကမ္ဘာနှစ်ဖက်စလုံးမှာတည်ရှိတဲ့ရဲအရာရှိခေါင်းဆောင် Seo Do Won အဖြစ်သရုပ်ဆောင်ဖို့ကမ်းလှမ်းထားတာဖြစ်ပါတယ်။သူသာ လက်ခံမယ်ဆိုရင် ဒါက နှစ်ကိုယ်ခွဲသရုပ်ဆောင်ရတဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်လာမှာပါ။ဒီစိတ်ဝင်စားစရာစိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲကို ၂၀၂၀ နှစ်စထဲမှာ ထုတ်လွှင့်ပြသဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

မင်းသား Kim Jae Wook ဟာ “Voice” ၊ “The Guest” ၊ “Her Private Life” စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှုများစွာရရှိလာခဲ့တဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ်။သူ့ရဲ့နောက်ထပ်ဇာတ်လမ်းတွဲသစ်လေးကို ပရိသတ်တွေကလည်းစောင့်မျှော်နေကြတာပါ။”Train”ဇာတ်လမ်းတွဲမှာပါဝင်ဖို့သူလက်ခံမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါပဲ။

Source:Soompi

147 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.