ဒီခေတ်မှာ ဝါဿနာပါတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ဆိုတာ…

ရန်ကုန်မှာ လုပ်ကိုင်စားသောက်ရတာ တဖြည်းဖြည်းကျပ်လာတယ်။ လူငယ်တစ်ချို့ ရဲ့ညီးညူသံလေးတွေ ကြားရတယ်။ ဟုတ်ပါတယ်… လူငယ်တွေမှမဟုတ်ဘူး.. လူကြီးတွေလည်း ဒီလိုပဲ
ခံစားနေရတာပါ။ ဝါဿနာပါတဲ့အလုပ်နဲ့သာ အသက်မွေးဝမ်းကျောင်းပြုရမယ်ဆိုရင်
ထမင်းစားရတော့မှာမဟုတ်ဘူး။ ဒီတော့ မျိုးဆက်သစ်တွေအနေနဲ့ ဘယ်လိုခံစားရလာလဲဆို
တော့ နယ်ပယ်တစ်ခုကို ကိုယ်ဝါဿနာမပါလည်း ထမင်းစားဖို့ ၊ ပိုက်ဆံမျက်နှာကြည့်ပြီး
စိတ်မပါတဲ့နေရာကြီးမှာ အချိန်ကုန် ၊ လူပင်ပန်းခံလာရတော့တယ်။

You Glow Differently When You Let The Pain Go

လူဆိုတာ မပျော်တဲ့နေရာတစ်ခုမှာ ဘယ်လောက်ထိ ကြာကြာနေနိုင်မှာလဲ။ နောက်ခံအင်အား
ကောင်းကောင်းနဲ့ ထောက်ပံ့မှုတွေမရှိတဲ့ အခြေခံလူတန်းစားနဲ့ ဆင်းရဲသားလူငယ်လေးတွေမှာ
အိပ်မက်တွေကိုယ်စီရှိကြတယ်။ ဒါပေမယ့် အလှမ်းဝေးနေဆဲ။ တစ်ချို့ ကြတော့လည်း
ဇွဲလုံလံရဲ့အကျိုးကြောင့် ဆရာကောင်း ၊ မိတ်ဆွေကောင်းတွေနဲ့တွေ့ပြီး နေရာတစ်ခုရလာတဲ့
လူငယ်လေးတွေလည်း ရှိတယ်။ ဒါဟာ သူတို့ရဲ့ကြိုးစားအားထုတ်မှုပဲ။ ဒါတောင် တစ်ချို့ အထက်လူကြီးတွေက နေရာမပေးချင်ဘူး။ စိတ်ဓာတ်တွေ ရိုက်ချိုးချင်ကြတယ်။ ငါလူကြီး.. ငါတက်တယ်ဆိုတဲ့ အတ္တတွေနဲ့ လူငယ်တွေမှာ နေရာမရကြသေးဘူး။ ကိစ္စတော့မရှိပါဘူး။ ကျွန်တော်တို့ရဲ့အားထုတ်မှုတွေဟာ တစ်နေ့တော့ တစ်နေရာမှာအသုံးဝင်လာမှာပါ။ အချိန်မတန်သေးဘူးလို့ပဲ မှတ်ပါတယ်။

” ငါဟာ တူညီတဲ့နေရာတစ်ခုပေါ်မှာပဲ ရပ်မိနေပြီလား။ အရှေ့လည်း ဆက်မပြေး ၊ နောက်လှည့်ဖို့လည်း ခက်သား။”  ဒီလိုအခြေအနေမျိုး ၊ ဒီလိုအတွေးမျိုးဟာ လူငယ်တိုင်းနဲ့မကင်းလွတ်ပါဘူး။ ဒါမျိုးအတွေးဝင်လာရင် ချက်ချင်းထုတ်ပစ်ပါ။ သင်ဟာရပ်နေတာ မဟုတ်ဘူး။ ဆက်လျှောက်နေတယ်။ ဆက်ပြေးနေတယ်။ ငါ့ကိုငါ အမြဲကိုယ်ရည်သွေးနေတယ်.. မဟုတ်တဲ့ အတွေးတွေအတွက်အချိန်မပေးနဲ့နော်။

ဘယ်သူမှ အောင်မြင်မှုကိုလွယ်လွယ်မရဘူး။ လွယ်လွယ်ရတဲ့ အောင်မြင်မှုကလည်း
made in china လိုပဲ ကြာကြာမခံဘူး။ ကိုယ့်ကိုကိုယ် တစ်နေရာတည်းမှာပဲ ပိတ်မိနေတယ်ဆိုတာ လူတိုင်းခံစားဖူးတဲ့ အရာတစ်ခုပါ။ ဒါကြောင့် လက်မလျော့လိုက်ပါနဲ့။ ဆက်လျှောက်နေပါ… ဆက်ပြေးနေပါ… တစ်နေ့တော့ သင်ပန်းတိုင်ရမှာပါ…

51 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.