Music Chart တွေရဲ့နံပါတ်တစ်နေရာမှာရပ်တည်နေတဲ့ IU ရဲ့ သီချင်းသစ်

ပရိသတ်တွေစောင့်မျှော်နေခဲ့ရတဲ့ IU ရဲ့ မီနီအယ်လ်ဘမ်သစ် “Love Poem”ဟာ
နိုဝင်ဘာ ၁၈ ရက်နေ့၊ည ၆ နာရီမှာ ထွက်ရှိလာခဲ့ပါတယ်။

အယ်လ်ဘမ်သစ်မှာ သီချင်း ၆ ပုဒ်ပါဝင်ပြီး ဘယ်လောက်တောင်အောင်မြင်ခဲ့လဲဆိုရင်
မီဒီယာတွေရဲ့ဖော်ပြချက်အရ သီချင်းထွက်ရှိပြီး သုံးနာရီအကြာမှာပဲ “Blueming” သီချင်းဟာ Music Chart တွေရဲ့ ထိပ်ဆုံးနေရာကို ရောက်ခဲ့တယ်လို့သိရပါတယ်။”Blueming” သီချင်းကို သူမလည်းပါဝင်ရေးစပ်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Melon ရဲ့ Daily ၊ Realtime ၊ Genie ၊ Bugs ၊ Soribada ၊ Flo စတဲ့ နာမည်ကြီး Music Chart တွေမှာ နံပါတ်တစ်အဖြစ်ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။၂၀၁၇ တုန်းက Palette စတူဒီယို
အယ်လ်ဘမ်ထွက်ရှိခဲ့ပြီး အခု ၂၀၁၉ မှာ သူမရဲ့ Come Back Album အဖြစ်အကောင်းဆုံးကြိုးစားထားတာတွေ ပရိသတ်တွေကို ချပြခဲ့တာပါပဲ။

MTV ရိုက်ကူးထားတာကလည်း တကယ့်ကိုမြူးကြွတဲ့သီချင်းလေးနဲ့လိုက်ဖက်ပြီးချစ်ဖို့ကောင်းလွန်းပါတယ်။ဒါကြောင့်ပရိသတ်ကြီးအတွက် IU ရဲ့ “Blueming”သီချင်းလေး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

246 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.