ဒေါသတရားတွေ ဖြေဖျောက်တတ်ဖို့

စိတ်ခိုင်ခံ့မှုအပေါ် မူတည်ပြီး ဒေါသတရားဆိုတာ လူတိုင်းဖြစ်တတ်ပါတယ်။ ဆက်ဆက်ထိမခံတဲ့လူတွေဆို အသေးမွှားကိစ္စလေးကအစ ဒေါသထွက်ကြပါတယ်။ ဒါဟာ စိတ်ခိုင်ခံ့မှု အင်အားနဲ့အများကြီး သက်ဆိုင်သွားပါပြီ။

Image result for angry"

ဒေါသထွက်ပြီဆိုတည်းက ကိုယ်ကအရင်ပူလောင်ရပါတယ်။ ကိုယ်ဒေါသထွက်နေရတဲ့လူက
ဒီပူလောင်မှုကို သိတောင်မသိဘူး။ သူကတော့ အေးဆေးပဲ ငါကတော့ ဒေါသထွက်လိုက်ရတာ…တွေးဖူးမှာပေါ့။ ကိစ္စတစ်ခုဖြစ်လာပြီဆို နောက်ဆက်တွဲပြဿနာကို လက်ခံထားခြင်းဟာ
သင့်ကို စိတ်ညစ်နွမ်းစေပါတယ်။ ပြဿနာဆိုတာ ဖြေရှင်းရမှာဖြစ်ပြီး လက်ခံထားဖို့မဟုတ်ပါဘူး။ ကြာကြာထားလေ ခေါင်းမီးတောက်လေပါပဲ။

Image result for calm down"

ဆိုတော့ အကြံပေးပါရစေ.. ဘာမှစိတ်ထဲမထားတတ်တဲ့သူအဖြစ် နေထိုင်ပါ။
ဘာကိုမှ ခေါင်းထဲမထားတတ်တဲ့သူဟာ တစ်ပန်းသာပါတယ်။ အတိတ်ကကိစ္စ အတိတ်မှာထားပြီး အေးဆေးနေထိုင်နိုင်ဖို့ လိုပါတယ်။ လူ့ဘဝက တိုတိုလေးဆိုတာသိမှာပါ။ ဘာအတွက်နဲ့ စိတ်ညစ်မခံပဲ ပျော်ရွှင်စွာ နေထိုင်ပါ။ ဘယ်လိုပဲ အတိုက်ခိုက်တွေရှိပါစေ.. ပြုံးပြုံးလေးနဲ့ ရင်ဆိုင်နိုင်အောင်ကြိုးစားပါ။ တစ်နေ့မှာ ဒေါသတရားတွေထိန်းသိမ်းသွားနိုင်တဲ့ လူသားတစ်ဦးဖြစ်လာပါလိမ့်မယ်။

117 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.