ပတ်ဝန်းကျင်ရဲ့ပုံစံမျိုးစုံ ရိုက်သွင်းခြင်းကို ခံနေရပြီလား …

ကျွန်တော်တို့ဟာ လူတွေထဲက လူတွေဖြစ်လို့ ပတ်ဝန်းကျင်အသိုင်းဝိုင်း ၊ လူမှုဆက်ဆံရေးတွေ
ဆိုတာ ရှိပါတယ်။ တစ်ခါတစ်လေကြရင် ကိုယ့်ရဲ့ပုံစံဆိုတာ ဘေးနားကလူတွေကြောင့်
ပျောက်ကွယ်သွားတတ်ပါတယ်။ ဥပမာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့လူတွေပေါ့။ သူတို့နဲ့တွေ့ရင် အလိုလို ကိုယ့်ရဲ့ပုံစံကပျောက်သွားပြီး သူတို့အတိုင်း လိုက်စီးမျောနေမိတာမျိုးပါ။

Image result for people talking"

လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် type မတူနိုင်ပါဘူး။ ပညာတတ်လွန် မောက်မာနေပြီး ခမ်းနားတဲ့ဆိုင်တွေမှာ စားသောက်မှ အဆင်တန်းမှီ ၊
ဘောင်ဝင်မယ်လို့ အမြဲတွေးနေသူတစ်ယောက်နဲ့ ဘယ်လိုအရာရာပဲဖြစ်ဖြစ် ရိုးရိုးရှင်းရှင်းနဲ့
တင်းတိမ်ရောင့်ရဲနိုင်တဲ့ လူနှစ်ဦးဟာ ဘယ်လိုမှပေါင်းစပ်လို့မရပါဘူး။

သူတို့ကို အပေါ်ယံသာပေါင်းသင်းလို့ရရင် ရမယ်။ စိတ်ထဲကနှစ်ပြီး ပေါင်းသင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုပဲ.. သူများက ဈေးကြီးတဲ့ အိတ်တွေ ၊ဖိနပ်တွေ ဝယ်နေတိုင်း ကိုယ်ပါလိုက်ဝယ်ရမယ်လို့ ဘယ်သူမှ အမိန့်မပေးထားပါဘူး။ သူရှိလို့ သူဝယ်တာ ၊ ကိုယ့်မှာမရှိရင် ချွေတာစုဆောင်းရမှာပေါ့။ ဒီလိုမဟုတ်ပဲ အားကျမခံ လိုက်လုပ်မယ်ဆို စိတ်ပင်ပန်းရမှာ သင်ပါ။

Image result for girl looking mirror"

type မတူတဲ့လူတွေနဲ့ ဟန်ဆောင်ပေါင်းရတာလောက် စိတ်ပင်ပန်းတာရှိတော့မှာမဟုတ်ဘူး။
သူတို့အတိုင်း နေထိုင်၊ စားသောက် ၊ အကျင့်တွေ တမင်ဖန်တီးယူနေရတာဟာ
ကြာလာရင် စိတ်မွန်းကြပ်လာပါလိမ့်မယ်။ ကိုယ်တိုင်တောင် ပျော်ရဲ့လားလို့ တစ်ခါလောက်
တွေးမိဖူးလား။ ငါတကယ် ပျော်ရဲ့လားလို့ ကိုယ့်ကိုကိုယ်မေးဖူးလား ။

မမေးရသေးရင် မေးကြည့်ပါ။ သင်တကယ်ပျော်ရဲ့လား ?

118 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.