မင်းသမီးချောလေး Kim So Hyun ရဲ့ အသားအရည်ထိန်းသိမ်းနည်းလေးက ဘာတွေများဖြစ်မလဲ?

Kim So Hyun လို့ဆိုလိုက်ရင် ချစ်စဖွယ်မျက်နှာလေးနဲ့သရုပ်ဆောင်လည်းကောင်းမွန်လှတဲ့တောင်ကိုရီးယားမင်းသမီးချောလေးမှန်း ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။

သူမဟာ ကလေးဘ၀တည်းက အနုပညာလောကထဲရောက်လာခဲ့တာဖြစ်ပြီး Hey Ghost,Let’s Fight ၊ Who Are You :School 2015 ၊Love Alarm စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှုများစွာရရှိလာခဲ့တာဖြစ်ပါတယ်။အခုလက်ရှိမှာဆိုရင်လည်း “The Tale of Nokdu”ဇာတ်လမ်းတွဲကိုရိုက်ကူးနေဆဲဖြစ်ပါတယ်။

ရိုက်ကူးရေးတွေအမြဲရှိနေပြီး မိတ်ကပ်အမြဲခြယ်သနေရသူဖြစ်လို့ သူမရဲ့အသားအရည်မပျက်စီးအောင်ဘယ်လိုထိန်းသိမ်းလဲဆိုတဲ့အကြောင်းကိုလည်းပရိသတ်တွေကသိချင်ကြပါတယ်။သိချင်နေကြတဲ့ပရိသတ်တွေအတွက် Kim So Hyun ဟာ အင်တာဗျူးတစ်ခုမှာ သူမရဲ့အသားအရည်လှပနုပျိုနေရခြင်း အဓိကအကြောင်းရင်းတွေေပြောပြသွားခဲ့ပါတယ်။အသားအရည်နဲ့ပတ်သက်လို့ သူမအတွက် အရေးအကြီးဆုံးအချက်တွေက ဘာတွေများဖြစ်မလဲ ??

အလှအပနဲ့ပတ်သက်ပြီး စိတ်ထဲကို အရင်ဆုံးရောက်လာတဲ့အဓိက အချက်သုံးချက်ရှိပါတယ်တဲ့။ဘာတွေများလဲ…
ပထမဆုံးတစ်ချက်ကတော့ Kim So Hyun ဟာ အနှိပ်ခံရတာကိုသဘောကျပြီး မျက်နှာနဲ့ ခန္ဓာကိုယ်ကို မကြာခဏနှိပ်နယ်လေ့ရှိပါတယ်။
နောက်တစ်ချက်ကတော့ သူမဟာ အသားအရည်အတွက် အကျိုးရှိတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုစားလေ့ရှိပါတယ်။အစားအသောက်ခုံမင်ပေမဲ့ သူမရဲ့အသားအရည်
အတွက် ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းမွန်စေတဲ့ အစားအစာတွေကိုသာ စားလေ့ရှိပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ သူမဟာ ဘယ်တော့မှစိတ်ဖိစီးမှုတွေကိုသိမ်းဆည်းထားလေ့မရှိပါဘူး။ကြိုးစားပြီးဖယ်ရှားလိုက်လေ့ရှိတယ်ဆိုတာပါပဲ။

ဒီအဓိကအချက်တွေကိုအမြဲလုပ်လေ့ရှိတာကြောင့် သူမရဲ့အသားအရည်လေးက အမြဲလှပနုပျိုနေတာပဲဖြစ်ပါတယ်။

221 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.