ဇာတ်လမ်းတွဲသစ်အတွက် အဆင့်သင့်ဖြစ်နေပြန်တဲ့ မင်းသား Ji Chang Wook

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲမင်းသားချောလေး Ji Chang Wook ကို မကြာခင်ဇာတ်လမ်းတွဲသစ်မှာ ထပ်မံမြင်တွေ့ရဦးမယ့်ပုံပါပဲ။

နိုဝင်ဘာ ၁၈ ရက်နေ့မှာ မင်းသား Ji Chang Wook ရဲ့အေဂျင်စီ Glorious Entertainment ကနေ “Ji Chang Wook ဆီကို “LUCA” ဆိုတဲ့ဇာတ်လမ်းတွဲကမ်းလှမ်းထားတယ်ဆိုတဲ့သတင်းကအမှန်ပါပဲ။သူကလည်း ဒီကမ်းလှမ်းချက်အပေါ်စိတ်ဝင်စားမှုရှိပါတယ်”ဆိုပြီးအတည်ပြုပြောကြားခဲ့ပါတယ်။Sports Donga ရဲ့အဆိုအရ “LUCA ဟာ အပိုင်း ၁၂ ပိုင်းပါဝင်မှာဖြစ်ပြီး
tvN က ၂၀၂၀ အစောပိုင်း ဒါမှမဟုတ် နှစ်လယ်လောက်မှာထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်”လို့သိရပါတယ်။

Ji Chang Wook ကိုကမ်းလှမ်းထားပေမဲ့ သူ့ရဲ့ဇာတ်ကောင်နေရာကိုတော့အတည်ပြုထားခြင်းမရှိသေးပါဘူး။မင်းသား Ji Chang Wook ဟာ မကြာသေးခင်ရက်ပိုင်းကမှ tvN ရဲ့ ”Melting Me Softly”ဇာတ်လမ်းတွဲရိုက်ကူးပြီးစီးထားခဲ့တာဖြစ်ပါတယ်။

လာမယ့် ဇန်န၀ါရီ ၁၀ ရက်နေ့မှာလည်း “Waiting for You”လို့နာမည်ပေးထားတဲ့ပရိသတ်တွေ့ဆုံပွဲကို ဂျပန်၊ထိုင်ဝမ်၊စင်္ကာပူ၊ထိုင်း၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်နဲ့ကိုရီးယားမှာ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

304 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.