ဘာလို့ အိမ်မွေးတိရစ္ဆာန်ဗီဒီယိုလေးတွေကို ပုံမှန်ကြည့်ပေးသင့်တာလဲ

အိမ်မွေးတိရစ္ဆာန်လေးတွေကို လူတွေဘာလို့မွေးကြတာလဲ။ သူတို့ရဲ့အသည်းယားစရာ
အပြုအမူလေးတွေကို ချစ်လို့ပေါ့။ ချစ်လို့ဆိုတဲ့ နောက်ဆက်တွဲမှာ စိတ်ကြည်နူးစရာလေးတွေ
ပါလာပါတယ်။

တစ်ချို့ က အခက်ခဲအချို့ ကြောင့် အိမ်မှာ တိရစ္ဆာန်မွေးချင်တောင်မွေးလို့မရပါဘူး။ အဲ့ဒီတော့
အင်တာနက်ကနေ တဆင့် ကြောင်လေး ၊ ခွေးလေးတွေ ဗီဒီယိုလေးတွေကြည့်ပြီး အပန်းဖြေရပါတယ်။

Image result for all dog"

ဟုတ်ပါတယ်.. ချစ်စရာကောင်းတဲ့ ဒီကောင်လေးတွေဟာ ကျွန်တော်တို့ကိုစိတ်အပန်းပြေမှု
ပေးစွမ်းနိုင်ပါတယ်။ သူတို့ဘာပဲလုပ်လုပ် ၊ ဘယ်လိုပဲနေနေ အိပ်နေရင်တောင် ချစ်ဖို့ကောင်းတာကျွန်တော်တို့မှာ ကြည့်နေရင်းနဲ့ စိတ်ချမ်းသာရပါတယ်။ လူတွေဆိုတာ အမြဲတမ်း စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာတွေကို ကြုံတွေ့နေရတာကိုး။ အဲ့ဒီလိုနေ့တွေကို ဖြတ်ကျော်နိုင်ဖို့အတွက်
တစ်ခါတစ်လေ အပန်းပြေ ဗီဒီယိုလေးတွေ ကြည့်ရှုပေးသင့်ပါတယ်။

ပုံမှန်သင်ကြည့်ပေးမယ်ဆိုရင်တော့ စိတ်ဖိစီးမှုတွေ ၊ မကောင်းတဲ့ခံစားချက်တွေ ငြိမ်းအေးစေပြီး
တစ်နေ့တာကို ကောင်းကောင်းဖြတ်သန်းစေနိုင်ပါတယ်တဲ့။ တစ်ယောက်နဲ့ တစ်ယောက်
စိတ်ထွက်ပေါက်ရှာတာခြင်းက မတူနိုင်ပါဘူး။

Image result for watching cute pet video benefits"

စာရေးသူကတော့ တစ်ခါတစ်လေ စာဖတ်တယ်။ ပုံဆွဲတယ်။ စိတ်အားတက်စေတဲ့ ဗီဒီယိုတွေ ၊
ဒီလို အိမ်မွေးတိရစ္ဆာန်ဗီဒီယိုတွေ ထိုင်ကြည့်ပြီး ဖြေဖျောက်လိုက်တာပါပဲ။ မကောင်းတဲ့
ကိစ္စဆိုတာ စိတ်ထဲအကြာကြီးထားလို့မကောင်းဘူးလေ။ ရှင်းထုတ်ပစ်ဖို့ဆိုတာ ကိုယ်သန်ရာ
နည်းလမ်းနဲ့ အသုံးချဖို့လိုပါတယ်။ အားလုံးပဲ ကောင်းမွန်တဲ့နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ဖို့
စိတ်အပန်းဖြေတတ်ဖို့ လိုတယ်နော်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.