သိပံ္ပစိတ်ကူးယဉ်ဇာတ်လမ်းမှာ တွေ့မြင်ရမယ့် Joo Won နဲ့ Kim Hee Sun

SBS drama ဖြစ်တဲ့ ”Alice” ရုပ်ရှင်မှာ Joo Won နဲ့ Kim Hee Sun တို့ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သိပံ္ပစိတ်ကူးယဉ်ဇာတ်လမ်းမျိုးဖြစ်ပြီး ပရိသတ်တွေအကြိုက်တွေ့ဦးမယ့် ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။

Joo Won က Park Jin Kyum အဖြစ် သရုပ်ဆောင်မှာပါ။ စိတ်ခံစားချက်တွေ ဦးစားမပေးပဲ
အလုပ်ကိုတစိုက်မတ်မတ်လုပ်တတ်သူတစ်ယောက်ပေါ့။ ထူးဆန်းတဲ့ကိစ္စတွေကို ဖြေရှင်းရင်းနဲ့
time traveler နဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရင်း ပထမဆုံးသိတဲ့လူက Park Jin Kyum ဖြစ်နေခဲ့တယ်။

Joo Won And Kim Hee Sun Confirmed As Leads For Upcoming Sci-Fi Drama

ဒီလိုခက်ခဲတဲ့အခြေအနေကြားမှာ နှစ်ကြာမြင့်စွာ သေဆုံးပြီးသားဖြစ်တဲ့ Yoon Tae Yi နဲ့
မထင်မှတ်ပဲ ပြန်ဆုံခဲ့တယ်။ Yoon Tae Yi အဖြစ် Kim Hee Sun က သရုပ်ဆောင်မှာပါ။
ဖြစ်ချင်တော့ Yoon Tae Yi ဟာ time traveler နဲ့ပတ်သတ်ပြီး ကျွမ်းကျင်သူတစ်ဦးဖြစ်နေပါတယ်။ ကဲ.. ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ စောင့်မျှော်လိုက်ရအောင်နော်။

MOMOLAND အဖွဲ့က Yeonwoo လည်း Yoon Tae Yi ရဲ့ညီမလေးအဖြစ် ပါဝင်သရုပ်ဆောင်သွားမယ်လို့ အတည်ပြုထားပါတယ်။ ၂ဝ၂ဝထဲမှာ ထွက်ရှိမယ်လို့ သိရပါတယ်။

161 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.