ငွေက သင့်ကိုပျော်ရွှင်စေတယ်။သင့်ကိုစိတ်ချမ်းသာမှုတွေပေးစွမ်းနိုင်တယ်။သင်လိုချင်တဲ့အရာတွေကို ဖန်တီးပေးနိုင်တယ်ဆိုပေမဲ့လည်းငွေထက် သင့်စိတ်ကိုပျော်ရွှင်စေတဲ့အရာတစ်ခုကို ရှာဖွေလေ့လာသူတွေက တွေ့ရှိလာခဲ့ပါတယ်။အဲ့ဒါက ဘာလဲဆိုရင် လေ့ကျင့်ခန်းလုပ်ခြင်းပါပဲတဲ့။
Yale နဲ့ Oxford ရဲ့လေ့လာချက်အရ လေ့ကျင့်ခန်းလုပ်တာ၊အားကစားလုပ်တာဟာ လေ့ကျင့်ခန်းလည်းမလုပ်၊အားကစားလည်းမလုပ်ပဲငွေရှာနေတဲ့သူတွေထက် ၄၃ ရာခိုင်နှုန်းခန့် စိတ်ကျန်းမာရေးပိုမိုကောင်းမွန်စေတယ်။စိတ်ပျော်ရွှင်စေတယ်လို့သိရပါတယ်။ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကြောင့် စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်သန်မာ ပျော်ရွှင်လာတာပါပဲ။
ဒါပေမဲ့လည်း ဒီလိုပြောလို့ လေ့ကျင့်ခန်းကိုနေ့ရော ညပါ လုပ်နေရမယ်မဆိုလိုပါဘူး။အလွန်အကျွံလုပ်တာက ဘယ်အရာကိုမှမကောင်းစေပါဘူး။တစ်ပတ်ကို ၅ ကြိမ်၊မိနစ် ၃၀ ကနေ တစ်နာရီအတွင်း လေ့ကျင့်ခန်းလုပ်တာ၊အားကစားလုပ်တာက အကောင်းဆုံးပါ။အားကစားလုပ်တဲ့
အခါမှာလည်း အသင်းအဖွဲ့နဲ့ကစားရတဲ့အားကစားတွေ၊လေ့ကျင့်ခန်းတွေဟာ တစ်ယောက်တည်းလုပ်တာထက် ပိုပြီးပျော်ရွှင်မှုရှိစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။နေ့တိုင်း မိနစ် ၂၀ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာဟာဆိုရင် ၁၂ နာရီကြာအောင် စိတ်ကိုလန်းဆန်းတက်ကြွပျော်ရွှင်စေတယ်လို့လည်းသိရပါတယ်။
လေ့ကျင့်ခန်းလုပ်တာနဲ့အားကစားလုပ်တာက သင့်စိတ်ကိုပိုပြီးပျော်ရွှင်မှုရှိစေတယ်လို့လေ့လာတွေ့ရှိချက်တွေက ပြောနေပါတယ်။သင်ရော လေ့ကျင့်ခန်းတွေ၊အားကစားတွေပုံမှန်လုပ်ဖြစ်ရဲ့လား?ငွေရှာတာလည်းရှာ၊အလုပ်လုပ်တာလည်းလုပ်တာပေါ့။ကိုယ့်စိတ်ကလေး ကျန်းမာပျော်ရွှင်ဖို့ကိုယ်ဝါသနာပါတဲ့အားကစားလုပ်တာ၊လေ့ကျင့်ခန်းလုပ်တာတွေအတွက်လည်း အချိန်ပေးဖို့လိုပါတယ်နော်။
Source:Brightside