မင်းသမီး Chae Soo Bin အတွက်ကော်ဖီလက်ဆောင်ပို့ပေးခဲ့တဲ့ မင်းသား Yoon Kyun Sang

အနုပညာရှင်တွေအချင်းချင်းကြားမှာ တစ်ယောက်ရဲ့ဇာတ်လမ်းတွဲကိုတစ်ယောက်အားပေးဖို့ကော်ဖီလက်ဆောင်တွေပို့ပေးတတ်ကြတဲ့အကျင့်လေးဟာ တကယ့်ကိုချစ်စရာကောင်းပြီး တစ်ယောက်နဲ့တစ်ယောက်လည်းပိုပြီးရင်းနှီးနွေးထွေးလာစေတာအမှန်ပါ။

နိုဝင်ဘာ ၁၄ ရက်နေ့ကဆိုရင်လည်း မင်းသား Yoon Kyun Sang ဟာ မင်းသမီးချောလေး Chae Soo Bin အတွက် ကော်ဖီကားလက်ဆောင်ပို့ပေးခဲ့တယ်လို့သိရပါတယ်။Chae Soo Bin က ကော်ဖီခွက်လေးနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံလေးကိုတင်ခဲ့ပြီး “Kyun Sang က နတ်သားလေးလား ဒါမှမဟုတ် ဘာများလဲ? ကော်ဖီကားလက်ဆောင်အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားအင်တွေစုစည်းပြီး ရုပ်ရှင်အတွက်အကောင်းဆုံးကြိုးစားသွားပါမယ်”ဆိုတဲ့စာသားလေး ရေးတင်ထားခဲ့ပါတယ်။

မင်းသား Yoon Kyun Sang ပို့ပေးထားတဲ့ကော်ဖီကားမှာလည်း စာတန်းလေးထိုးထားပါသေးတယ်။ဘာလဲဆိုရင် “သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားဝန်ထမ်းတွေအားလုံး အအေးမမိအောင်ဂရုစိုက်ကြပါ။ပြီးတော့ ကံကောင်းပါစေ! “လို့ရေးထားခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် “Chae Soo Bin နဲ့ Sweet and Sour အဖွဲ့သားတွေကို ကျွန်တော်အားပေးနေပါတယ်”လို့ထပ်ရေးထားပါသေးတယ်။အခုလက်ရှိမှာမင်းသမီး Chae Soo Bin က “Sweet and Sour” ဆိုတဲ့ဇာတ်ကားကိုရိုက်ကူးနေတာပဲဖြစ်ပါတယ်။

မင်းသား Yoon Kyun Sang နဲ့ဆိုရင် ၂၀၁၇ တုန်းက “Rebel”Thief Who Stole the People” ဇာတ်လမ်းတွဲကိုအတူရိုက်ကူးထားခဲ့တာဖြစ်ပြီး အခုချိန်ထိတိုင်အောင် သူတို့ရဲ့သူငယ်ချင်းသံယောဇဉ်က ခိုင်မာနေဆဲဖြစ်ပါတယ်။

Source:Soompi

474 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.