ကိုယ့်ရဲ့ကလေးငယ်တွေ အ၀လွန်တာမျိုးမဖြစ်အောင် ဒါမျိုးလေးတွေလုပ်ပေးသင့်…

လေ့လာချက်တွေအရ အမေရိကန်နိုင်ငံမှာ လေးငါးနှစ်အရွယ် ကလေး ၁၀ ရာခိုင်နှုန်းခန့်ဟာ
ကိုယ်အလေးချိန်မြင့်မားလျက်ရှိတယ်လို့သိရပါတယ်။ကိုယ့်ရဲ့ကလေးက ကျန်းမာဝဖြိုးတာ ကောင်းတယ်ဆိုပေမဲ့လည်း ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ကိုလက်စထရောဓာတ်တွေ၊အဆီတွေရှိမနေဖို့လိုပါတယ်။

သူတို့အရွယ်ရောက်လာတဲ့အခါမှာလည်းကျန်းမာရေးနဲ့ညီညွတ်မျှတစွာစားသောက်တတ်ဖို့ မေမေတွေအနေနဲ့ ဒီအချက်လေးတွေကိုငယ်ငယ်တည်းကလုပ်ပေးထားဖို့လိုပါတယ်။

ကိုယ့်ရဲ့ရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာစေဖို့…
– အသားငါးထက် အသီးအရွက်နဲ့အသီးအနှံတွေများများကျွေးပါ
– ကျောင်းတက်ချိန်မှာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုရွေးချယ်ချက်ပြုတ်ထည့်ပေးပါ။
– ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကို ကလေးတွေစားတတ်ဖို့အရေးကြီးပါတယ်။တစ်ခါကျွေးတာ မစားဖူးဆိုပြီးလက်မလျော့သင့်ပါဘူး။နောက်တစ်ရက်နှစ်ရက်ကြာတဲ့အခါ ပုံစံတစ်မျိုးပြောင်းပြီး ကျွေးကြည့်ပါ။

– ကလေးက သရေစာစားချင်တယ်ဆိုရင်တောင် တစ်ပတ်ကိုတစ်ခါလောက်ပဲ ကျွေးပေးပြီး ကျွေးတဲ့အခါမှာလည်း ပမာဏကိုသတ်မှတ်ထားပါ။အပြင်သရေစာတွေ မကျွေးချင်ဘူးဆိုရင်လည်း ကလေးအတွက် အရသာရှိပြီး အာဟာရရှိတဲ့သရေစာမျိုး အားတဲ့အခါ ကိုယ်တိုင်လုပ်ကျွေးကြည့်ပါ။
– ကိုယ့်အိမ်မှာရှိနေတဲ့အစားအစာတွေကလည်း အချိုဓာတ်မြင့်မားတဲ့အစားအစာတွေ၊အအေးတွေ၊အချိုရည်တွေဖြစ်မနေဖို့လိုပါတယ်။ကိုယ်စားမယ်ဆိုရင်တောင် ကလေးမမြင်အောင်သိမ်းထားသင့်ပါတယ်။


-သူတို့နဲ့ အတူကစားပေးရင်း သူတို့လေးတွေကိုယ်လက်လှုပ်ရှားမှုပုံမှန်ရှိအောင်လုပ်ပေးနိုင်ပါတယ်။လေးငါးဆယ်နှစ်အရွယ်ကလေးတွေဟာ တစ်နေ့ကို တစ်နာရီလောက် ပုံမှန်ကစားချိန်၊ကိုယ်လက်လှုပ်ရှားချိန်ရှိသင့်ပါတယ်။သူတို့တွေကို ဖုန်းပေးသုံးတာလည်းလျှော့သင့်ပါတယ်။

86 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.