သခွားသီးစိမ်ထားတဲ့ရေကိုသောက်ပေးမယ်ဆိုရင် ရရှိလာမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေ…

သခွားသီးစိမ်ထားတဲ့ရေကို သောက်ပေးမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်အတွက် ဒီလိုကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရလာစေနိုင်ပါတယ်။ကိုယ်သောက်မယ့်ရေဘူး၊ဖန်ပုလင်းတွေထဲ သခွားသီးစိတ်လေးတွေထည့်စိမ်ပြီး သောက်ပေးမယ်ဆိုရင်…

Image result for cucumber-water

*ရေဓာတ်ပြည့်ဝနေစေတယ်
သခွားသီးမှာလည်းရေဓာတ်ပါဝင်တဲ့အပြင် ရေရဲ့အရသာကောင်းမွန်လို့ ပိုပြီးသောက်ဖြစ်စေတဲ့အတွက် ခန္ဓာကိုယ်က တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေပါလိမ့်မယ်။

*၀ိတ်ကျစေတယ်
အအေးတွေ၊အချိုရည်တွေသောက်မယ့်အစား သခွားသီးစိမ်ရေကိုများများသောက်ပေးတာက ဗိုက်လည်းပြည့်စေသလို အချိုရည်တွေမသောက်ဖြစ်တော့တဲ့အတွက် ကယ်လိုရီတွေမတက်စေပါဘူး။ဒါကြောင့် ကိုယ်အလေးချိန်ထိန်းပြီးသားဖြစ်စေပါတယ်။

*ကိုယ်ခံစွမ်းအားကောင်းမွန်စေတယ်
အသီးအနှံတွေ၊အသီးအရွက်စားတဲ့အခါ antioxidant ကြွယ်ဝလို့ ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားကိုပိုပြီးကောင်းမွန်စေပါတယ်။သခွားသီးမှာလည်း vitamin C ၊ beta carotene ၊ manganese ၊ molybdenum နဲ့ တစ်ခြားသောခုခံကာကွယ်နိုင်တဲ့ဓာတ်တွေကြွယ်ဝတဲ့အတွက် သခွားသီးစိမ်ထားတဲ့ရေကို အမြဲသောက်ဖြစ်တဲ့အခါ ခန္ဓာကိုယ်က ခုခံအားကိုပိုပြီးတိုးတက်ကောင်းမွန်လာစေပါတယ်။

*ကင်ဆာရောဂါကာကွယ်ပေးနိုင်
လေ့လာတွေ့ရှိချက်တွေအရ သခွားသီးမှာ cucurbitacins နဲ့ Lignans လို့ခေါ်တဲ့ Compound ဓာတ်တွေကြွယ်ဝတဲ့အတွက် ကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့ချပေးနိုင်စွမ်းရှိတယ်လို့သိရပါတယ်။

*သွေးဖိအားလျော့နည်းစေ
သွေးဖိအားမြင့်တက်လာတာဟာ ပိုတက်ဆီယမ်နည်းပါးပြီး ဆိုဒီယမ်ဓာတ်များပြားလာတာကြောင့်ပါ။ဒါပေမဲ့ သခွားသီးက ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတာကြောင့်သခွားသီးရေကိုပုံမှန်သောက်ပေးမယ်ဆိုရင် သွေးဖိအားကိုပုံမှန်ဖြစ်စေပါတယ်။

*အသားအရည်လှပစေ
သခွားသီးစားရင် အသားအရည်လှတယ်ဆိုတဲ့စကားက အလကားပြောထားတာမဟုတ်ပါဘူးနော်။သခွားသီးမှာရေဓာတ်များပြားစွာပါဝင်တဲ့အတွက် သခွားသီးစားတဲ့အခါ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကင်းစင်သွားပါတယ်။ဝက်ခြံကုသနိုင်စွမ်းရှိတဲ့ ဗီတာမင် B-5 လည်းပါဝင်တဲ့အတွက်သခွားသီးစိမ်ရေသောက်တဲ့အခါ ၀က်ခြံဖြစ်တာလည်းလျော့နည်းသွားသလို အသားအရည်လည်းပိုပြီးလှပလာစေပါတယ်။

ရေသိပ်မသောက်ဖြစ်ဘူးဆိုတဲ့သူတွေ ဒီနည်းလေးကိုစမ်းကြည့်သင့်ပါတယ်။သခွားသီးစိမ်ထားတဲ့ရေက ရိုးရိုးရေထက်ပိုပြီးသောက်လို့ကောင်းလို့ အရင်ကထက် ရေပိုပြီးသောက်ဖြစ်လာပါလိမ့်မယ်။သံပုရာသီးစိတ်လေးထည့်ပြီးသောက်ပေးမယ်ဆိုရင်လည်း ရေအရသာ ပိုပြီးကောင်းမွန်စေပါတယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.