အနုပညာလှုပ်ရှားမှုတွေခဏရပ်နားမယ်လို့ ပရိသတ်တွေကိုအသိပေးလာတဲ့ မင်းသမီး Park Bo Young

ပရိသတ်တွေချစ်ခင်ကြတဲ့ တောင်ကိုရီးယားမင်းသမီးလေး Park Bo Young ဟာ သူမရဲ့ ကျန်းမာရေးကို သေချာဂရုစိုက်နိုင်ဖို့ အနုပညာလှုပ်ရှားမှုတွေခဏရပ်နားထားဦးမယ်လို့ ပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က မင်းသမီးရဲ့ အေဂျင်စီကနေ “Park Bo Young ဟာ အရင်ရိုက်ကူးရေးလုပ်တုန်းက လက်မောင်းဒဏ်ရာရခဲ့တာကြောင့် အခုဆေးကုသမှုခံယူနေပါတယ်။သူမရဲ့လက်မောင်းဒဏ်ရာအမာရွတ်ကိုဖယ်ရှားကုသဖို့ မကြာခင်ကပဲ ခွဲစိတ်မှုခံယူခဲ့ရပါတယ်”လို့ကြေညာခဲ့ပါတယ်။

မင်းသမီး Park Bo Young ကလည်း သူမရဲ့ ပရိသတ်တွေကို V Live Broadcast ကနေ “ကျွန်မ လက်မောင်းဒဏ်ရာရခဲ့ပါတယ်။အရင်တည်းကနာနေတာဖြစ်ပေမဲ့ မအားလပ်တာကြောင့် ဆေးကုသမှုမလုပ်ဖြစ်ခဲ့ပါဘူး။ဒါကြောင့် အခုကျွန်မ ဆေးကုသမှုခံယူနေပါတယ်။လက်မှာပတ်တီးစည်းထားရမှာဖြစ်ပေမဲ့ ကျွန်မ ဒီနေ့တော့ ချွတ်ထားခဲ့ပါတယ်။ဆရာဝန်တွေက ၆ လလောက် ကျွန်မလက်မောင်းပတ်တီးစည်းထားရမယ်လို့ပြောထားပါတယ်။ကျွန်မရဲ့ ကျန်းမာရေးကိုသေချာဂရုစိုက်နိုင်ဖို့ ခဏတော့ အနုပညာလှုပ်ရှားမှုတွေရပ်နားထားရပါဦးမယ်။အနုပညာလှုပ်ရှားမှုတွေခဏရပ်နားရလို့ ကျွန်မလည်း ၀မ်းနည်းမိပါတယ်။ကျွန်မ ကျန်းမာရေးပြန်ကောင်းလာတဲ့အခါ ရုပ်ရှင်တွေအများကြီးပြန်ရိုက်မှာပါ။ပြောစရာတွေအများကြီးရှိပေမဲ့ နောက်တစ်ခေါက်မှပဲ ပြန်နှုတ်ဆက်ရင်းပြောပြပါတော့မယ်။အားလုံးပဲ ထိခိုက်မှုမရှိ၊ဖျားနာတာမရှိပဲ ကျန်းမာအောင်နေကြပါ”လို့ ကိုယ်တိုင်ပဲ အသိပေးပြောပြခဲ့ပါတယ်။

Park Bo Young ဟာ သိပ်မကြာသေးခင်ကာလတုန်းကပဲ “Abyss” ဇာတ်လမ်းတွဲကိုရိုက်ကူးထားခဲ့ပြီး ထိုဇာတ်လမ်းတွဲဟာလည်းပရိသတ်အားပေးမှုများစွာရရှိထားခဲ့ပါတယ်။

သူမရဲ့လက်ဒဏ်ရာ မြန်မြန်ပြန်ကောင်းပါစေလို့ ပရိသတ်တွေကလည်းဆုတောင်းပေးထားကြပါတယ်။

473 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.