ဗီတာမင်အီးက အလှအပအတွက် ဘယ်လိုတွေအသုံးဝင်လဲ?

ကိုယ့်ရဲ့အသားအရည်ကို ဂရုတစိုက်ထိန်းသိမ်းဖို့ဆိုရင် ဗီတာမင်အီးကလည်း တစ်ထောင့်တစ်နေရာကနေ အရေးပါနေပါတယ်။ဗီတာမင်အီးကို တစ်ချို့အလှကုန်တွေမှာထည့်သွင်းကြသလို တစ်ချို့ကလည်း ဗီတာမင်အီးအဆီကိုလိမ်းကြပါတယ်။ဒါပေမဲ့ မိန်းကလေးတစ်ချို့ကတော့
ဒီဗီတာမင်အီးရဲ့ အလှအပအတွက်အသုံးဝင်ပုံတွေကိုသေချာမသိကြသေးပါဘူး။ဒါကြောင့် ပြောပြပေးလိုက်ပါတယ်။

*အသားအရည်ကိုချောမွေ့စိုပြည်စေတယ်
အသားအရည်ခြောက်သွေ့တတ်သူတွေဟာ အရေပြားမှာအစိုဓာတ်ပြည့်ဝနေစေဖို့ ဗီတာမင်အီးလိမ်းပေးသင့်ပါတယ်။Lotion လိမ်းတဲ့အခါမှာဖြစ်စေ တစ်စက်နှစ်စက်ထည့်ပြီးလိမ်းပေးသင့်ပါတယ်။

*အရေပြားရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်
၂၀၁၃ တုန်းကလေ့လာချက်အရ ဗီတာမင်အီးပုံမှန်လိမ်းပေးတာဟာ အရေပြားကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးနိုင်စွမ်းရှိတယ်လို့သိရပါတယ်။ဒါကြောင့်တစ်ချို့က ခန္ဓာကိုယ်အရေပြားပေါ်တိုက်ရိုက်လိမ်းကြသလို တစ်ချို့ကလည်းဗီတာမင်အီးကြွယ်ဝတဲ့အစားအစာတွေ၊ဆေးဝါးတွေသောက်သုံးလေ့ရှိကြပါတယ်။

*အမာရွတ်တွေမှေးမှိန်စေ
ဗီတာမင်အီးပုံမှန်လိမ်းပေးသွားတာဟာ အသားအရည်အစိုဓာတ်ပြည့်ဝစေတာဖြစ်လို့ အမာရွတ်သေးသေးလေးတွေဆိုရင် မှေးမှိန်သွားပြီး ဒဏ်ရာအနာတရဖြစ်တဲ့အခါမှာလည်းအမာရွတ်မထင်အောင် ဗီတာမင်အီးကိုလိမ်းပေးနိုင်တယ်လို့သိရပါတယ်။

*အရေးအကြောင်းဖြစ်ခြင်းကိုလျှော့ချပေး
ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်တွေဟာ အစိုဓာတ်ပြည့်ဝတဲ့အသားအရည်ထက် အရေးအကြောင်းဖြစ်လွယ်ပါတယ်။ဒါပေမဲ့ ဗီတာမင်အီးကိုပုံမှန်လိမ်းပေးမယ်ဆိုရင် အသားအရည်က အမြဲအစိုဓာတ်ပြည့်နေမှာဖြစ်တဲ့အတွက် အရေးအကြောင်းတွေလွယ်လွယ်နဲ့မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အသားအရည်ကိုလည်းပိုပြီးနူးညံ့နုပျိုလာစေပါတယ်။

*လက်သည်းကျန်းမာလှပစေ
ဗီတာမင်အီးကို လက်သည်းမှာလိမ်းပေးတာကလည်း လက်သည်းကျိုးပဲ့တာ၊လက်သည်းဝါတာတွေမဖြစ်စေဘူးလို့သိရပါတယ်။ခဏလေးနဲ့လက်သည်းကျိုးတာမျိုးမဖြစ်ချင်ရင် ဗီတာမင်အီးကိုပုံမှန်လေးလိမ်းပေးသင့်ပါတယ်။

76 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.