“Lover”Album နဲ့ ဆုထပ်သိမ်းပိုက်နိုင်ခဲ့ပြန်တဲ့ Taylor Swift

မတ်မတ် Taylor Swift က သူမရဲ့ Swifties လေးတွေကို ဘယ်တော့မှ မျက်နှာမငယ်စေခဲ့သူတစ်ယောက်ပါ။အမြဲတမ်းသီချင်းကောင်းတွေဖန်တီးပေးသလို ဆုတွေလည်း တစ်ဆုမဟုတ် တစ်ဆု သိမ်းပိုက်ပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီ ၂၀၁၉ ထဲမှာဆိုရင်လည်း Taylor Swift ဟာ ‘Lover’ ဆိုတဲ့ Album အသစ်ထွက်ရှိထားပြီး အဲ့ဒီထဲကသီချင်းအများစုဟာ ပရိသတ်စိတ်နဲ့တစ်ထပ်တည်းကျတဲ့သီချင်းကောင်းတွေဖြစ်ခဲ့ပါတယ်။ဒါကြောင့်ပဲ Taylor Swift ဟာ “45th E! People’s Choice Awards”ဆုပေးပွဲမှာ
Female Artist of the Year ၊ Music Video of the Year (ME!) နဲ့ Social Media
Celebrity of the Year ဆုတွေမှာ ဆုရစာရင်းဝင်ခဲ့ပြီး ‘Lover’ Album နဲ့ Best Album of the Year ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း သူမရဲ့”You Need To Calm Down” သီချင်းဗီဒီယိုဟာ Video of the Year ဆုကိုရရှိခဲ့ပါသေးတယ်။

“45th E! People’s Choice Awards” ဆုပေးပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့က ကယ်လီဖိုးနီးယားမှာကျင်းပသွားခဲ့တာဖြစ်ပါတယ်။ထိုဆုပေးပွဲမှာဆိုရင် နာမည်ကျော်အမေရိကန်အဆိုတော် Blake Shelton ဟာ Best country artist of the year ဆုကိုရခဲ့ပြီး If I can not have you သီချင်းနဲ့ Billboard ဒုတိယနေရာရခဲ့တဲ့ ကနေဒီယန်အဆိုတော်လေး Shawn Mendes ဟာ Male Artist of the Year ဆုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။အသက် ၁၇ နှစ်အရွယ်အဆိုတော်မလေး Billie Eilish ဟာဆိုရင်လည်း Female Artist of the Year ဆုကိုရရှိခဲ့ပါတယ်။

137 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.