ပန်းသီးစိမ်းလေးက အသားရေကိုသာမက သင့်ရဲ့ကျန်းမားရေးကိုလည်း ဒီလိုအထောက်ကူပြုပေးနိုင်

တချို့ ပန်းသီးအနီကိုကြိုက်သလို တချို့ ကပန်းသီးအစိမ်းလေးကိုမှ ချဉ်ပြုံးပြုံးနဲ့မို့ ပိုကြိုက်ကြပါ
တယ်။ ပန်းသီးစိမ်းမှာ သင်မမြင်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ အသားရည်အတွက်
ကောင်းမွန်စေတဲ့ အာနိသင်တွေပါဝင်နေပါတယ်။ သူ့မှာ ဘယ်လိုအာနိသင်တွေပါဝင်လဲ…
ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်

ဇီဝဖြစ်စဉ်ကောင်းမွန်စေ

Image result for green apple"

ပန်းသီးစိမ်းမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို တိုးတက်
ကောင်းမွန်စေပါတယ်။ ပန်းသီးစိမ်းကိုစားတဲ့အခါ အခွံကိုမနွှာပစ်ပါနဲ့။ ပန်းသီးအခွံကလည်း
အသည်းနဲ့ အစာခြေစနစ်ကို အကျိုးပြုနိုင်တာမို့လို့ပါ။

အဆီဓာတ်နည်း

ပန်းသီးစိမ်းဟာ အချဉ်ဓာတ်ပါဝင်တာကြောင့် အဆီဓာတ်နည်းပြီး ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုကို အားဖြည့်စေတယ်။ သွေးလည်ပတ်မှုကောင်းရင် နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတို့ကို
ုခုခံကာကွယ်နိုင်တယ်။ သူ့မှာ ဗီတာမင် ကေပါဝင်တာကြောင့် သွေးခဲခြင်းကိုလည်း ကာကွယ်ပး
နိုင်ပါတယ်။

Image result for eating green apple"

ဗီတာမင် အေနဲ့စီ အပြည့်ဝပါဝင်

ဗီတာမင်စီက မကောင်းတဲ့ဆဲလ်တွေကို ဖယ်ရှားပေးပြီး အရေပြားကင်ဆာဖြစ်ခြင်းကို
ကာကွယ်နိုင်ပါတယ်။ ဗီတာမင်အေဟာ အမြင်အာရုံကိုကြည်လင်ပြတ်သားစေပါတယ်။

အရေးကြောင်းကာကွယ်ပေး

ပန်းသီးစိမ်းလေးတွေဟာ အရေးကြောင်းကိုလည်း ကောင်းကောင်းကာကွယ်ပေးသတဲ့။
အသက်ရွယ်အရဖြစ်ပေါ်လာတဲ့ အိုမင်းရင့်ရော်မှုနဲ့ အရေးကြောင်းတွေကို သိသိသာသာလျော့
ချပေးပြီး အသားရေလေးကို အရင်ကထက် ကြည်လင်တောက်ပစေကာ မျက်ကွင်းညိုတာကို
လည်း ကာကွယ်ပေးပါတယ်။

107 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.