လတ်တလောမှာ အရောင်မဆိုးနဲ့သီချင်းကို ငွေကြေးအကုန်အကျခံပြီး MTV ရိုက်ကူးနေတဲ့ နိုင်းဝမ်းက အရောင်မဆိုးနဲ့ သီချင်း MTV အတွက် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ၀င်းလွင်ထက်ရဲ့ ညွှန်ကြားမှုတွေနဲ့အတူ သီချင်းအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါ တယ်တဲ့။ အဲ့ဒီအကြောင်းကို သူက ‘အဲဒီသီချင်းလေးကို ရိုက်နေတာ သိန်း၅၀လောက်ရှိနေပြီ။ ၅ရက်လောက်ကို ၁၀ဂျူတီ ရှိပြီ။ ဒီနိုင်ငံမှာက စစ်ကားတွေလဲ နည်းသွားတဲ့အတွက် ကျွန်တော့် သီချင်းကို စစ်ကားတွေနဲ့သေချာရိုက်ထားတယ်။ အများကြီးလဲရိုက်ထားတယ်။ တောထဲတွေမှာ အသစ်အဆန်းဖြစ်အောင်လို့ရိုက်ထားပါတယ။် အဓိက ကတော့ ဒုတိယကမ္ဘာစစ်ကို အခြေခံ ထားတာပေါ့။ မြန်မာပြည်မှာ ဒီလိုပုံစံမျိုးရိုက်ရတာ နည်းနည်းတော့ အခက်အခဲရှိတယ်။ သေနတ်ကအစ၊ စစ်ဝတ်စုံအဆုံး ဆင်ဆာအရရော မြန်မာစစ်တပ်ရဲ့ အကျီင်္တွေသုံးပြီးတော့ ရိုက်ခွင့်မရှိတော့လေ။ အပွင့်တွေ၊ ဘားတွေဖြုတ်ပြီး ရိုက်ထားတဲ့အတွက် ဖြည့်ပြီးကြည့်စေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအခြေအနေအရပေါ့။ ထွက်လာရင် ပရိသတ်ကြိုက်မယ်လို့ မျှော်လင့်မိပါတယ်။’ လို့ ဆိုတဲ့အပြင် တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီးတော့လည်း ၅လပိုင်းမှာ တစ်ကိုယ်တော် အခွေထွက်ရှိမှာဖြစ်တဲ့အကြောင်း ဖွင့်ဟသွားပါတယ်။
အရောင်မဆိုးနဲ့ MTV အတွက် ဒုတိယကမ္ဘာစစ်ကို အခြေခံပြီး ငွေကြေး အကုန်ကျခံရိုက်ကူးနေတယ်လို့ ဆိုတဲ့ နိုင်းဝမ်း
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။