ဇာတ်လမ်းတွဲသစ်မှာ တွဲဖက်မြင်တွေ့လာရဖွယ်ရှိတဲ့ Suzy နဲ့ Nam Joo Hyuk

နိုဝင်ဘာ ၁၁ ရက်နေ့က ပြည်ပမီဒီယာတွေရဲ့ဖော်ပြချက်အရ နာမည်ကျော်တောင်ကိုရီးယားမင်းသမီး Suzy နဲ့ မင်းသား Nam Joo Hyuk တို့ဟာမကြာခင်ဇာတ်လမ်းတွဲသစ်တစ်ခုမှာ အတူတွဲဖက်သရုပ်ဆောင်သွားနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။

“Sandbox”လို့ယာယီနာမည်ပေးထားတဲ့ tvN ရဲ့ဇာတ်လမ်းတွဲသစ်မှာ ပါဝင်မှာဖြစ်တယ်လို့သတင်းထွက်ရှိနေပြီး Suzy ရဲ့အေဂျင်စီ Management SOOP နဲ့ Nam Joo Hyuk ရဲ့အေဂျင်စီ YG Entertainment တို့က ဇာတ်ညွှန်းကိုဖတ်ရှုနေဆဲဖြစ်ပြီး လက်ခံဖြစ်ဖို့များတယ်လို့ကြေညာခဲ့ပါတယ်။

“Sandbox”ဇာတ်လမ်းတွဲဟာ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုဖွင့်နိုင်ပြီး Steve Jobs လိုဖြစ်လာဖို့ ကြိုးစားအကောင်အထည်ဖော်နေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ Code တွေရေးရတာနှစ်သက်ပြီးသင်္ချာကျွမ်းကျင်အိုလံပစ်ဆုရထားတဲ့ အမျိုးသားတစ်ယောက်တို့ရဲ့အကြောင်းကို ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာ Suzy ကို Seo Dal Mi ဆိုတဲ့ ခေါင်းဆောင်မင်းသမီးနေရာမှာသရုပ်ဆောင်ဖို့ကမ်းလှမ်းထားတာပဲဖြစ်ပြီး Nam Joo Hyuk ကိုတော့ Nam Do San ဆိုတဲ့ ဇာတ်ကောင်နဲ့ ခေါင်းဆောင်မင်းသားနေရာကနေ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

သူတို့သာ ဒီဇာတ်လမ်းတွဲမှာပါဝင်ဖို့လက်ခံမယ်ဆိုရင် ဒါက Suzy နဲ့ Nam Joo Hyuk တို့ ပထမဆုံး တွဲဖက်ရိုက်ကူးဖြစ်တဲ့ဇာတ်လမ်းတွဲဖြစ်လာမှာပါ။ဇာတ်ညွှန်းရေးဆရာက “Dream High” နဲ့“While You Were Sleeping” ရေးသားသူ Park Hye Ryun ဖြစ်ပြီး ဒါရိုက်တာကတော့
“Doctors” “While You Were Sleeping” နဲ့“Hotel Del Luna” ရိုက်ကူးခဲ့တဲ့ Oh Choong Hwan ဖြစ်တယ်လို့သိရပါတယ်။

“Sandbox”ကို နောက်နှစ် မေလထဲမှာထုတ်လွှင့်ပြသနိုင်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ပရိသတ်ကြီးရော သူတို့နှစ်ယောက်ကိုတွဲဖက်မြင်တွေ့ချင်လား?

Source:Soompi

306 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.