တူရာသီဖွားတွေမှာ ရှိတတ်တဲ့ စိတ်နေစိတ်ထားအမူအကျင့်တစ်ချို့

စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၂၂ ရက်ကြားမွေးဖွားသူတွေကို တူရာသီဖွားတွေလို့ခေါ်ကြတယ်။တူရာသီဖွားတွေမှာ ဘယ်လိုစိတ်နေစိတ်ထား အမူအကျင့်တွေရှိတတ်လဲ…?

လေ့လာတွေ့ရှိချက်တွေအရ တူရာသီဖွားတွေဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။ချစ်ခင်နှစ်လိုဖွယ်ကောင်းတယ်။ဥာဏ်ကောင်းပြီး အားလုံးနဲ့သင့်တင့်မျှတအောင်နေတတ်တယ်။တရားမျှတမှုရှိတယ်။သူတို့ပတ်ဝန်းကျင်မှာသူတို့ အဆင်ပြေအောင်နေထိုင်နိုင်စွမ်းရှိတယ်။ဒါပေမဲ့ တစ်ခါတစ်လေကျရင် တစ်ကိုယ်ကောင်းဆန်စွာ ပြုမူလေ့ရှိကြတယ်။

တူရာသီဖွားမိန်းကလေးတွေဆိုရင် အမြဲတမ်းဖက်ရှင်ကျကျနေထိုင်လေ့ရှိတယ်။အဆင့်အတန်းမြင့်တဲ့ဝတ်စားဆင်ယင်ပုံတွေကို နှစ်သက်တယ်။ပင်ကိုယ်အားဖြင့်လည်းဆွဲဆောင်မှုရှိကြတယ်။ဒါပေမဲ့ သူတို့က ပင်ကိုယ်အလှကို သိပ်ပြီးမြင်လေ့မရှိပဲ အပြင်ပန်းလှပဖို့ကို ပိုပြီးဦးစားပေးလေ့ရှိကြတယ်။ရိုမန်တစ်ဆန်တာကိုလည်း သဘောကျလေ့ရှိတယ်။တစ်ခြားသူတွေနဲ့ပြောဆိုဆက်ဆံရာမှာလည်း အလေးအနက်ထားလေ့ရှိတယ်။

သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စတွေမှာသာမက တစ်ခြားသူတွေရဲ့ကိစ္စအပေါ်မှာပါ အလေးထားနားထောင်ပြီး ကူညီပေးလေ့ရှိတယ်။ဘယ်လိုကိစ္စမျိုးမှာမဆို တစ်ခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေကိုလည်း နားထောင်လေ့ရှိတယ်။သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းကိုသုံးပြီးဘ၀မှာ အမြဲတိုးတက်အောင်ကြိုးစားလေ့ရှိသူတွေလည်းဖြစ်ပြီး  ကိုယ်ချစ်တဲ့သူတွေ၊ကိုယ့်ဘေးနားကလူတွေကိုအမြဲပျော်ရွှင်အောင်ထားလေ့ရှိသူတွေဖြစ်တယ်။သူတို့က တစ်ယောက်တည်းအထီးကျန်ရမှာကိုလည်းကြောက်တယ်။အချစ်မှာ ကိုယ်ထင်တာနဲ့ ဖြစ်လာတာတစ်ခြားစီဖြစ်မှာကိုလည်းကြောက်ကြသူတွေဖြစ်ပါတယ်။

အခုပြောပြခဲ့တာတွေကတော့ တူရာသီဖွားလေးတွေရဲ့ စိတ်နေစိတ်ထားတစ်ချို့ပဲဖြစ်ပါတယ်။

107 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.