ခြေထောက် ဆားခါးရေစိမ်တာက ဘယ်လိုအကျိုးကျေးဇူးတွေရစေလဲ?

ဆားခါးဆိုတာ ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာပေးစွမ်းနိုင်တဲ့ဆားတစ်မျိုးဖြစ်ပါတယ်။ဟိုးအရင်နှစ်များစွာကတည်းက ဆားခါးကို နာကျင်မှုသက်သာစေဖို့ရည်ရွယ်ချက်နဲ့သုံးစွဲခဲ့ကြပြီး အခုထိတိုင်အောင် အသုံးဝင်နေဆဲပါ။ဆားခါးကိုရေနဲ့ရောစပ်ပြီး စိမ်ချိုးလို့ရသလို တစ်ချို့ကလည်းခြေထောက်ပဲစိမ်လေ့ရှိကြပါတယ်။

ခြေဖ၀ါးနှစ်ဖက်ကို ဆားခါးထဲထည့်စိမ်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရစေနိုင်လဲ?
ဆားခါးဟာ ခန္ဓာကိုယ်ထဲက မဂ္ဂနီဆီယမ်ကိုမြင့်တက်သွားစေတဲ့အတွက် ဆားခါးစိမ်မယ်ဆိုရင်…
– အရေပြားရောဂါတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေတယ်
– အနာတွေကို သန့်စင်ပေးနိုင်တယ်
– ခန္ဓာကိုယ်ပင်ပန်းနာကျင်မှုကိုလျှော့ချပေးနိုင်တယ်
– ခြေထောက်ဆူးစူးတာကိုဖယ်ရှားပေးပြီးသက်သာစေတယ်
– အကြောအခြင်တွေပြေလျော့စေတယ်
– ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလျှော့ချပေးနိုင်စွမ်းရှိတယ်
– စိတ်ဖိစီးမှုကိုနည်းပါးသွားစေတယ်

အခုလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးတွေကို ဆားခါးက ပေးစွမ်းနိုင်ပါတယ်။ဒါဖြင့် ဘယ်လိုစိမ်ကြမလဲ
*ကိုယ့်ရဲ့ခြေထောက်မြှုပ်ရုံအနေအထားလောက် ရေခပ်နွေးနွေးရေကိုထည့်ပါ
*ဆားခါး ခွက်တစ်ဝက်စာထည့်ပါ
*တစ်ပတ်ကို နှစ်ကြိမ် ဆားခါးစိမ်ပေးနိုင်ပြီး တစ်ခါစိမ်ရင် မိနစ် ၃၀ ကနေ မိနစ် ၆၀ ထိ ထားနိုင်ပါတယ်
*စိတ်ဖိစီးမှုမြန်မြန်လျော့ကျချင်တယ်၊စိတ်လန်းဆန်းချင်တယ်ဆိုရင် ကိုယ်ကြိုက်နှစ်သက်ရာ အမွှေးဆီတစ်မျိုးမျိုးထည့်နိုင်ပါတယ်
*ခြေထောက်ဆားခါးရေစိမ်ပြီးတဲ့အခါ ခြေထောက်ခြောက်သွေ့ခြင်းမဖြစ်အောင် အဆီတစ်မျိုးမျိုးလိမ်းပေးထားသင့်ပါတယ်။

တစ်ပတ်ကို နှစ်ကြိမ်မလုပ်နိုင်ရင်တောင်တစ်ကြိမ်လောက်ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် ပင်ပန်းနာကျင်မှုတွေလျော့ပါးသက်သာပြီးစိတ်လန်းဆန်းကြည်လင်လာပါလိမ့်မယ်။

Source:Healthline

318 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.