အချစ်ဟာသဇာတ်လမ်းတွဲသစ်မှာပါဝင်ဖို့လက်ခံလိုက်ပြီဖြစ်တဲ့ Eric နဲ့ Go Won Hee

တောင်ကိုရီးယားရဲ့နာမည်ကျော်အနုပညာရှင်နှစ်ယောက်ဖြစ်ကြတဲ့ Eric နဲ့ Go Won Hee တို့ဟာ အချစ်ဟာသဇာတ်လမ်းတွဲသစ်တစ်ခုမှာပါဝင်သရုပ်ဆောင်ဖို့လက်ခံအတည်ပြုလိုက်ပြီလို့သိရပါတယ်။

မီဒီယာတွေရဲ့ဖော်ပြချက်အရ “Vacation in My Own Way”လို့ယာယီနာမည်ပေးထားတဲ့ အချစ်ဟာသဇာတ်လမ်းတွဲသစ်လေးမှာပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပြီး ဇာတ်လမ်းပုံစံက မှတ်ဥာဏ်ပျောက်ဆုံးသွားတဲ့ကမ္ဘာ့နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာ မိန်းကလေးတစ်ယောက်နဲ့
နာမည်ကျော်စားဖိုမှူးတို့ကြား အချစ်ဇာတ်လမ်းကိုဟာသလေးနဲ့ရောပြီး ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။

“Vacation in My Own Way” ဇာတ်လမ်းတွဲမှာ Eric ကို ကိုရီးယားစားသောက်ဆိုင်ဖွင့်ထားတဲ့ နာမည်ကျော်စားဖိုမှူးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး Go Won Hee ကို နာမည်ကျော်ဒီဇိုင်နာတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲဟာဆိုရင် လေးနှစ်တာကာလအတွင်း
Eric ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲဖြစ်ပြီး ပရိသတ်တွေက သူ့ကိုဘယ်လိုပုံစံမျိုးနဲ့ ဖန်သားပြင်ထက်မှာ ပြန်လည်မြင်တွေ့ရမလဲဆိုတာကြိုတင်ပြီးစိတ်လှုပ်ရှားနေတယ်လို့တောင်သိရပါတယ်။

“Vacation in My Own Way” ကို ၂၀၂၀ ၊မတ်လအတွင်း ထုတ်လွှင့်ပြသမှာဖြစ်တယ်လို့သိရပါတယ်။စောင့်မျှော်အားပေးဖို့မမေ့နဲ့ဦးနော်

Source:Soompi

131 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.